Part (12)

1K 75 4
                                    

"ငါနဲ့တွဲမယ် Kim Taehyung"

Taehyungမော့ကြည့်လာပြီး ဘာမှပြန်မပြော Jungkookမျတ်လုံးတွေထဲ တစ်ခုခုကိုစူးစမ်းရှာဖွေသလိုမျိုး ခနလောက်ကြာအောင်ကြည့်နေပြီးမှ အသာရုန်းကာလှည့်ထွက်ခဲ့လိုက်တော့

"မကြားဘူးလား ဘာလို့ ပြောနေတဲ့စကားကိုလျစ်လျူရှုတာလဲ?"

Taehyung နောက်ကျောပေးထားတဲ့အတိုင်းရပ်နေရင်းမှ

"Sanbae....ကျွန်တော့်ကိုချစ်လား?"

"......"

"ဟက်!...Sanbaeကဒီအတိုင်း ကျွန်တော့်ကိုသဘောတောင်မကျပေမဲ့ ကျွန်တော်ကSanbaeကိုသဘောကျတာကိုပဲ သဘောကျနေတာပါ....."

ပြောပြီး Taehyung ထွက်သွားတော့သည်

Jungkookကျန်နေခဲ့ရင်းTaehyung ပြောသွားတာကိုတွေးကြည့်နေမိသည်

Taehyungပြောတာကိုမငြင်းနိုင်ပေမဲ့ Taehyung ပေါ်မှာရှိနေတဲ့ သူ့ခံစားချက်တွေကသူပြောသွားသလိုကျိပဲ အကုန်မဟုတ်တာတော့ သူ့ကိုယ်သူသေချာသိသည်

သူTaehyungကိုလီဆူယော့နဲ့တွဲမြင်တဲ့အချိန်တိုင်း

လီဆူယော့ကို အဲ့ဒီအသဲပုံသဏ္ဍာန်နှုတ်ခမ်းတွေပေါ်တဲ့အထိရယ်ပြနေတာကိုတွေ့တိုင်း သူ့စိတ်ကဘာလိုအလိုမကျဖြစ်မှန်းမသိအောင် နေရခက်လာသည်

Taehyung သူ့အဖွားဆုံးလို့ကျောင်းမလာတုန်းကလဲ သူ့စိတ်ထဲတစ်ခုခုလစ်ဟာနေသလိုခံစားခဲ့ရတာ

Taehyungကိုနေ့တိုင်း သူ့အနားမှာပဲ တွေ့ချင်သည် မြင်ချင်သည် သူပြောသလို Taehyungကသူ့ကိုသဘောကျတာကိုလဲ သဘောကျသည်

Taehyungကို သဘောကျတာလား ချစ်တာလားဆိုတာမျိုးတွေကိုတော့ သူတစ်ခါမှမတွေးခဲ့ဖူးတာတော့အမှန်ဖြစ်သည်

သူ့ဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်က ကင်နာဘီလို့ပဲခံယူပြီးနေလာခဲ့ရင်းမှ Taehyungနဲ့တွေ့ပြီးသူ့စိတ်တွေအကုန် ကမောက်ကမဖြစ်ကုန်ရသည်

သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာ သူ့ရဲ့မသိစိတ်ကနေ Taehyung အပေါ်ငြိတွယ်နှင့်နေပြီးဖြစ်သည်

သို့သော် ဒါကိုအချစ်ဆိုပြီးချက်ချင်းလက်ခံဖို့ရာကျတော့လဲ သူ့အတွက်လွယ်ကူမနေပေ ကင်နာဘီကလဲ သူ့အတွက်တော့အခုချိန်ထိသေချာမပြတ်သားနိုင်သေးတဲ့ ဒဏ်ရာဟောင်းလေးတစ်ခုလို.....

A Little Bit Dangerous Where stories live. Discover now