Part (9)

954 62 2
                                    

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်သည်၊Taehyung မနေ့ကJimin နဲ့အတူonline gameဆော့ပြီး Jimin off lineဖြစ်သွားပြီးနောက်ကိုတစ်ယောက်တည်းတော်တော်ကြာကြာဆော့ရင်းမိုးလင်းခါနီးမှအိပ်ပျော်သွားတော့သည်၊

"သားငယ်...သားငယ်.....Taeလေး"

"အွန်း.....သားအိပ်အုန်းမှာမထသေးဘူး"

"မထလို့မရဘူးသားငယ် မေမေတို့ဒယ်ဂူးကိုခနပြန်ရမယ် ဖွားဖွားအခြေအနေမဟန်တော့ဘူးတဲ့"

Taehyung ဆက်ကနဲထလာ၏၊အနည်းငယ်အံ့ဩသွားသရောင်နဲ့အိပ်ချင်စိတ်လဲပြေသေးပုံမရပဲ အိပ်ယာခင်းကိုပဲငေးကြည့်နေလေသည်

"ထ ရေချိုးတော့နေ့လည်2:00ထိုးတော့မှာနောက်ကျရင်မကောင်းဘူး မေမေလိုအပ်တဲ့အဝတ်စားတွေထည့်ထားပေးမယ်"

Taehyung ရေမိုးချိုးပြင်ဆင်ပြီးတာနဲ့သားမိနှစ်ယောက်ဒယ်ဂူးကိုကားဖြင့်ဆင်းခဲ့တော့သည်၊

ဖေဖေ့ရဲ့အမေ၊ကိုယ့်အဖွားဆိုပေမဲ့ အရမ်းကြီးသံယောဇဉ်ကြီးခဲ့တာမျိုးတော့မဟုတ်၊မတွေ့တာလဲ4နှစ်လောက်ကြာပြီဆိုတော့အနည်းငယ်တော့ရှိန်နေမိသည်၊ဖိုးဖိုးကတော့ ဖေဖေငယ်စဉ်လောက်တည်းကဆုံးသွားတာဖြစ်လို့ Taehyung ဓာတ်ပုံသာတွေ့ဖူးပါသည်

အမေတစ်ခုသားတစ်ခုမို့ ကျောင်းဆရာဖြစ်တဲ့ဖေဖေ့ကို ဖွားဖွားက မိဘမဲ့တစ်ကောင်ကြွက်ဖြစ်တဲ့ မေမေနဲ့မကြည်ဖြူခဲ့၊ဒါကို ဖေဖေကတားနေတဲ့ကြားထဲကပင်လွန်ဆန်ကာ မေမေ့ကိုခိုးပြေးပြီးလက်ထပ်ယူခဲ့တာဖြစ်သည်

တစ်ရပ်ကွက်ထဲအတူနေပြီးအိမ်ချင်းလဲမဝေးခဲ့ပေမဲ့ မေမေကသွားတာမကြိုက်သောကြောင့် Taehyung ဖွားဖွားတို့အိမ်ကိုတစ်လနေလို့တစ်ခါတောင်မရောက်ဖြစ်ပါ

သို့သော်ရောက်သွားရင်လဲ ဖွားဖွားက'စားချင်တာဝယ်စား'ဆိုပြီးမုန့်ဖိုးပေးတတ်သလို တခါတလေမှာလည်းတော့ပိုကီနဲ့တခြားရိုးရာမုန့်များကို ကိုယ်တိုင်လုပ်ကျွေးသေးသည်၊

အရင်အကြောင်းများကိုတွေးမိပြီး အနည်းငယ်တော့စိတ်မကောင်းဖြစ်မိသည်၊ဘလောက်ပဲမတွေ့တာကြာကြာ ကိုယ့်သွေးသားရင်း၊အဖွားရင်းပဲမလား

A Little Bit Dangerous Where stories live. Discover now