Part (5)

1.1K 63 1
                                    

Taehyungရေမိုးချိုးပြီးည7:15လောက်ရှိပြီဖြစ်သည်၊ 'တဂွီဂွီ'မြည်နေသောဗိုက်ကြောင့်
ခေါင်းစွပ်hoodieခဲရောင်လေးနဲ့sweat pantအမဲအရှည်ပွပွလေးကိုအမြန်လဲပြီး အိမ်အနီးအနားရှိ mini storeဆိုင်သို့ထွက်ခဲ့တော့သည်။

Storeဆိုင်ရောက်သောအခါ ခေါက်ဆွဲခြောက်ထုတ် နဲ့စတော်ဘယ်ရီဖျော်ရည်ဗူးကိုယူပြီးကောင်တာသို့လာကာ ငွေရှင်းရန် hoodie အိတ်ထောင်ထဲနှိုက်လိုက်တော့ ဘာမှရှိမနေ....ဟိုစမ်းဒီစမ်းလုပ်နေသောTaehyung ကိုကောင်တာက ဦးလေးကြီးကစိတ်မရှည်တော့...

"ကောင်လေး ပိုက်ဆံမပါရင်လဲ မုန့်တွေသူ့နေရာနဲ့သူပြန်ထားခဲ့ပြီး သွားတော့"

"သေချာပေါက်ထည့်ခဲ့တယ်ကို"

Taehyung စိတ်ပျတ်သလိုအသံတိုးတိုးလေးပြောရင်းပြန်သွားထားဖို့မုန့်တွေစီလက်လှမ်းတုန်း....

"သူ့အတွက်ပါ ပေါင်းပြီးရှင်းပေးပါ"

Taehyung အနောက်လှည့်ကြည့်လိုက်တော့

"Jeon sanbaenim!"

Jungkookတစ်ချက်သာကြည့်ပြီးဘာမှပြန်မပြော....

"ဝမ်8500ကျတယ် ကောင်လေး"

Jungkookကျသင့်ငွေရှင်းလိုက်ပြီးTaehyung အထုပ်ကိုပါတစ်ခါတည်းယူပြီးပေးလိုက်သည်၊

"ကျေး...ကျေးဇူးပါJeon sanbaenim"

Jungkookဘာမှမပြောပဲထွက်သွားတော့သည်။
________________________________
"Jimin...ဟိုJeon sanbaenimရဲ့အတန်းကဘယ်မှာရှိလဲသိလား"

အတန်းထဲရောက်ရောက်ခြင်း jungkook hyunရဲ့အတန်းကိုမေးလာတဲ့Taehyung ၊ထူးဆန်းသလိုမျိုး ကြည့်လိုက်လိုက်တော့ မျတ်နှာပေးကမထုံတတေးနဲ့.....

"သိတယ်မလား ငါ့ကိုခနလိုက်ပို့ပေး"

"Taehyung မင်းငါ့အစ်ကိုကြိုက်နေတာလား"

"ကျေးဇူးအကြွေးရှိလို့ နေ့လည်စာဖြစ်ဖြစ်ဝယ် ကျွေးမလို့ပါ"

"မင်းကhyungပေါ် ?ဘယ်ကနေဘလို"

Taehyung မနေ့ကstoreဆိုင်မှာဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြလိုက်တော့ 'ဖြစ်ရလေ'ဆိုတဲ့အကြည့် ကြည့်ကာ jungkookအခန်းရှေ့ခေါ်သွားလေတော့သည်၊

"ဝါးးးးးဒါကဘသူလဲအလယ်တန်းနှစ် တစ်ဆောင် လုံးရဲ့နတ်သားလေးKim Taehyung မဟုတ်ဘူးလား ဒီအစ်ကိုကြီးတို့အခန်းကိုဘာကိစ္စရှိလို့လဲ"

A Little Bit Dangerous Where stories live. Discover now