Part (26)

1K 64 7
                                    

Birthday dinnerစားပွဲဝိုင်းလေထုက အေးစက်နေပြီး နေရခက်တဲ့အခြေအနေတစ်ရပ်ကိုဖန်တီးစေသည် စကားသံတိတ်ဆိတ်နေတဲ့အခန်းကျယ်ထဲမှာ ဇွန်းခရင်းသံခပ်ဖွဖွကပဲ အခြေအနေကိုတစ်ဆင့်လျော့ပါးစေသလို...

"ဘာလိုလိုနဲ့နောက်ဆုံး ဒီလိုလူစုံတက်စုံဖြစ်သွားတာပဲ ကောင်းတဲ့အရာလို့မှတ်ယူလိုက်ကြတာပေါ့"

ဥက္ကဌကြီးမှခပ်အေးအေးပြောလာတော့ Taehyung အသာပဲပြုံးပြလိုက်သည်

Jimin "Hyung ဒီတစ်ခေါက်ဩဇီပြန်ရင် သေချာပေါက်အဆက်အသွယ်လုပ်နော်"

"ငါကမင်းနဲ့အဆက်အသွယ်လုပ်ပြီး ဘာလုပ်ရမှာလဲ Taehyungဆိုရင်တော့တစ်မျိုးပေါ့"

Taehyung မှင်သေသေနဲ့သူ့ရှေ့ကJungkookကိုစိုက်ကြည့်လိုက်သည် တကယ်ငရဲပဲ ဒီ Birthday dinnerကိုမြန်မြန်အပြီးသတ်ချင်နေပြီ

"အာ...တခြားကြောင့်မဟုတ်ပါဘူးJ Groupရဲ့အနာဂတ်ဖြစ်လာမဲ့သူတွေဆိုတော့ အခုတည်းကတိုင်ပင်စရာရှိတာတွေတိုင်ပင်လို့ရတာပေါ့ မဟုတ်ဘူးလားTaehyung?"

Taehyung လုပ်ပြုံးတစ်ခုကိုဖန်တီးလိုက်ပြီး

"မပြောတတ်ဘူး ကျွန်တော်ကJ Groupရဲ့အနာဂတ်ဖြစ်ဖို့စိတ်ကူးမရှိတာမို့...."

"မင်းကစိတ်ကူးမရှိပေမဲ့ ဥက္ကဌကတော်ကဒီတိုင်းနေပါ့မလား?"

မဲ့ပြုံးပြုံးကာတမင်အရွဲ့တိုက်နေတဲ့သူကို Taehyungခပ်စိမ်းစိမ်းသာစိုက်ကြည့်နေလိုက်သည်

"ဒီလိုနေ့မျိုးမှာမိသားစုကိုအရှက်ရအောင်လုပ်မှာဆိုသွားတော့Jungkook ဧည့်သည်တွေလဲရှိနေတာကို ဘလိုအပြုအမူလဲ?"

ဥက္ကဌကြီးကဟန့်လိုက်တော့ Taehyung ဘေးကHugoကိုအတော်တန်ကြာအောင်စိုက်ကြည့်နေပြီးမှထထွက်သွားပါတော့သည်

"ဒီကောင် ဘယ်တော့မှရင့်ကျက်မှာလဲမသိတော့ဘူး ပိုပိုဆိုးလာတာ"

"လူငယ်တွေကတော့ဒီလိုပါပဲရှင် အရမ်းစိတ်ထဲထားမနေနဲ့ ရောဂါရမယ်"

Jimin "Taehyung ငါတို့လဲသွားတော့မယ် ဒီမှာလက်ဆောင်...ထပ်ပြီးမွေးနေ့ကိုဂုဏ်ပြုတယ်နော်"

"အော ပြန်တော့မလား လိုက်ပို့ပေးမယ်"

"ရတယ် ပို့မနေနဲ့တော့ Min sanbaeလဲပါတာပဲ"

A Little Bit Dangerous Where stories live. Discover now