Introduction

28 4 4
                                    

Sunshine upon the Midnight Sky

ကံကြမ္မာ ဆိုတဲ့အရာက ဆန်းပြားလွန်းတယ်။ လူ့ဘဝ ဆိုတဲ့အရာက ရှုပ်ထွေးလွန်းတယ်။ လူသားတိုင်းက ကံကြမ္မာဆိုတဲ့ ဆန်းကြယ်တဲ့အရာကို ယုံချင်မှ ယုံလိမ့်မယ် ဒါပေမယ့် ကံနဲ့ ကြုံရင် ရှောင်လွှဲဖို့ ခက်တာ မည်သူမှ ငြင်းမရပေ။ အချိန်ခရီးသွား ယန္တရားလေးသာ ပိုင်ဆိုင်ခွင့် ရရင် ကောင်းပေသားဟု တခါတလေ ထိုအတွေးများ၏ ရိုက်နှက်မှုကြောင့် ဝမ်းနည်းနေကြသော လူသားများ ဒီ ကမ္ဘာပေါ်မှာ တည်ရှိနိုင်ကြပေမည်။
ထိုလူသားများအနက် Teddy ဆိုသည့် ကောင်မလေး အပါအဝင်ဖြစ်သည်။ အချိန်ခရီး ယန္တရားလေးဖြင့် အချိန်ကို အနောက်ဆုတ်ကာ Amara ဟူသော မိန်းကလေး၏ ဘဝထဲသို့ စော၍ ဝင်ရောက်လာပြီး နွေးထွေးသော လက်တွေနဲ့ တွဲကိုင်ကာ ဘဝ ခရီးလမ်းကို လျှောက်လှမ်းခွင့်သာရရင် ကောင်းမည်ဟု ခံစားချက်များနှင့် ရင်ဖက်ထဲတွင် ပြည့်နှက်နေသည်။
Teddy (ခေါ်) Evelyn ဟူသော အချစ်ငတ်မွတ်နေတဲ့ ကောင်မလေးကို Amara သည် နွေးထွေးတဲ့ ‌မေတ္တာနဲ့ တွဲလက်ဆွဲပြီး အချစ်စစ်၏ အဓိပ္ပာယ်ကို ပြသပေးကာ Evelyn ၏ အနွေးထွေးဆုံး အပြုံးတွေကို ပြန်လည် ရှင်သန်အောင် ကုစားပေးခဲ့သည်။

Amara ဟူသော မိန်းကလေးမှာ မှောင်မည်းနေသည့် ဘဝခရီးကို တစ်ယောက်တည်း လျှောက်လှမ်းနေရပြီး သူမ မထင်မှတ်ထားသည့် အချိန်တွင် သူမ ဘဝ ထဲကို Teddy ဆိုသော မိန်းကလေး ဝင်ရောက်လာကာ Amara ၏ ဘဝကို ကယ်တင်ပေးခဲ့သည်ကို Teddy ကိုယ်တိုင် သိပါသလား။

အတိတ်ဘဝက ကံဆိုးမှုတွေနဲ့ အမေ၏ စိတ်ဒုက္ခပေးမှုတွေကြား အသက်ရှင်နေရသော ညိုးနွမ်းနေသည့် ပန်းလေးတစ်ပွင့် ဖြစ်သည့် Mya Amara Khin နှင့် မိဘနှစ်ပါးကြောင့် ဘဝမှာ အချစ်ဆိုတဲ့ အရာကို တောင့်တ မက်မောနေသော လိပ်ပြာငယ်လေး Evelyn တို့ နှစ်ယောက် တွေ့ဆုံပြီး သူတို့ ဘဝ အပြောင်းအလဲတွေ ဝမ်းနည်းကြွေကွဲစရာတွေ အချင်းချင်း အချစ်အိမ်လေးတွေကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာ စိတ်ဝင်စားတယ် ဆိုရင် followလုပ်ပြီး စောင့်မျှော်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

FL name - Mya Amara Khin
FL name-Evelyn Louise Windsor ( Teddy)

Sunshine upon the Midnight SkyWhere stories live. Discover now