The first day that we met

21 3 4
                                    

အမေရိကန်နိုင်ငံ၏ ချီကာဂိုမြို့ရဲ့ နေရာတစ်နေရာမှာ စက်ဘီးကို အရှိန်အဟုန်မြင့်ကာ မောင်းနှင်နေသော အဝါညက်ညက်အသားရည်ရောင်ရှိပြီး ပျားရည်ဆမ်းရောင် မျက်လုံးဖြင့် ဖြောင့်စင်းနေသောအညို‌ရင့်ရောင် ဆံနွယ်ရှည်လေးတို့မှာ လေ၏ တိုးဝှေ့တိုက်ခိုက်နေသောကြောင့် လေထဲတွင် လွင့်‌မြောနေကြသည်။ ထိုသူမှာ Evelyn Windsor ပင် ဖြစ်သည်။ တက္ကသိုလ်၏ Orientationပထမဆုံးနေ့မှာ အိပ်ယာထနောက်ကျသောကြောင့် စိုးရိမ်တကြီးဖြင့် သူမ၏ စက်ဘီးကို အရှိန်မြင့်ကာ တက္ကသိုလ်ဝင်းထဲသို့ ပြာယာခတ်ကာ ဝင်ရောက်လာခဲ့သည်။ သူမသည် အစိမ်းရောင်နှင့် အမည်းရောင် အကွက် တီရှပ်အင်္ကျီ အပေါ်တွင် အဖြူရောင် ရှပ်အင်္ကျီထပ်ဝတ်ထားကာ Boyfriend jeans အပွကိုဝတ်ဆင်ထားသည်မှာ သူမ အလျင်အမြန် တက္ကသိုလ်ဆီသို့ အချိန်နှင့် နပန်းလုံးကာ အမြန်ရောက်လာသည့်ပုံစံ အထင်းသားဖြစ် နေသည်။ တက္ကသိုလ်အဆောက်အအုံရှေ့ ရောက်သည်နှင့် စက်ဘီးကို သူ့နေရာနှင့်သူ ရပ်လိုက်ပြီး စက်ဘီး၏ ခြင်းထဲတွင်ရှိသော သူမ၏ အပြာနက်ရောင် လွယ်အိတ်ကို ယူကာ Orientationကျင်းပသည့် အခန်းမဆီသို့ အပြေးသွားနေသည်။ ခန်းမဆီသို့ ရောက်သည်နှင့် လွတ်နေသော နေရာလေးမှာ အမြန်ထိုင်လိုက်ပြီး ပွဲတာဝန်ရှိသူ တစ်ယောက်၏ စင်ပေါ်တွင် မိန့်ခွန်းပြောနေသည်ကို နားထောင်နေသည်။ ထိုအချိန်တွင် ရုတ်တရက် သူမ၏ ဘေး‌တွင်ရှိသော သူက သူမကို လက်‌ဖြင့် ဖြည်းဖြည်းလေး တို့ကာ ခေါ်လိုက်သောကြောင့် သူမ ဘေးသို့ လှည့်ကြည့်လိုက်ချိန်တွင် " ဟိုင်း ငါ့နာမည်က Emille Stone။ Emille လို့ခေါ်လို့ရပါတယ် နင်ကရော?" ဟူ၍ ရွှေရောင်ဖျော့ ဂုတ်ဝဲဆံပင်နှင့် hazel မျက်လုံးရောင် ကောင်မလေးသည် Evelynအား သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ Evelyn သည် သူမ၏ လှပသော ပန်းရောင်သမ်းနေသည့် နှုတ်ခမ်းပါးလေးတို့ ဝမ်းသာသည့် အပြုံးဖြင့်ပြုံးကာ နှုတ်ဆက်လိုက်ပြီး " ဟိုင်း ငါ့နာမည်က Evelyn Windsor။ Evelyn လို့ပဲ ခေါ်ပါ။" ဆိုပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။ ထို့နောက် Evelynသည် " ငါက Diploma in Computer Science တက်မှာ နင်ကရော" ဆိုပြီး စကားဆက်လိုက်သည့် အဆုံးတွင် Emille၏ Hazelရောင် မျက်လုံး‌တွေ ဝင်းလက်သွားကာ ဝမ်းသာသွားသော အ‌သံအနေအထားဖြင့် "ငါလည်း အတူတူပဲ။ ငါတို့ အတူတူထိုင်လို့ရတယ် အတန်းထဲမှာ တစ်ယောက်တည်း ပျင်းမနေရတော့ဘူး ဟားဟား" ဆိုပြီး Evelyn အား ရယ်မောကာ စကားပြောလိုက်သည်။ Emille၏ စကားကြောင့် Evelynသည် ရယ်လိုက်ပြီး " Computer Scienceက ခက်တော့ ပျင်းရမယ် မထင်ဘူး" ဟူ‌‌၍ Evenly၏ မှန်ကန်သော စကားကြောင့် Emille သည် ခေါင်းငြိမ့်ကာ "တချို့ ဆရာတွေ ဆရာမတွေက အရမ်းတင်းကြပ်တယ် ကြားတယ် ကြောက်လိုက်တာ" ဆိုပြီး သူမ၏ လက်မောင်းကို လက်ဖဝါးဖြင့် ပွတ်သပ်ကာ ကြောက်သောခံစားချက်ကို ကိုယ်အမူအရာဖြင့် ဖော်ပြနေသည်။

Sunshine upon the Midnight SkyWhere stories live. Discover now