Winter wind rustling through Dogwood tree

14 3 12
                                    

Orientation နေ့တစ်နေ့တာ ပြီးဆုံးသွားသည့်အတွက် Evelynသည် သူမ၏ အဆောင်ခန်းဆီသို့ ပင်ပန်းနွမ်းနယ်သော အင်အားဖြင့် ပြန်သွားသည်။ Evelynသည် ညဖက်အိပ်ယာမဝင်ခင် သူမသည် စာကြည့် ထိုင်ခုံတွေထိုင်နေကာ ဖုန်းကို အာရုံစူးစိုက်စွာကြည့်နေပြီး အရာတစ်ခုခုကို အားသွန်ခွန်စိုက် ရှာဖွေနေသည်။ သူမ ရှာဖွေနေသောအရာမှာ တခြားမဟုတ် Amaraနှင့် ပက်သက်သော ဗီဒီယိုများကို Social media စာမျက်နှာထက်တွင် ရှာဖွေ ကြည့်ရှုနေလေသည်။ "သူက တော်လိုက်တာ ဂစ်တီးတာလည်း တော်တယ် မိန်းကလေးအချင်းချင်းတောင် ကြွေနိုင်တဲ့အထိချောတယ် ယောက်ျားလေး‌တွေကို ဆွဲဆောင်နိုင်‌လောက်အောင်လည်း လှတယ်။ သူ သီချင်းဆိုတဲ့ ဗီဒီယိုတွေတော့ မတွေ့ဘူး သူ သီချင်းဆိုတဲ့ အသံက ဘယ်လိုလည်း ကြားဖူးချင်တယ်။ သူက လူချစ်လူခင်လည်းပေါသေး ဒါတောင် မျက်နှာတည်ကြီးနဲ့ တစ်ချိန်လုံး နေနေတာ ငါဆိုရင် သူငယ်ချင်းရဖို့အရေး ပြုံးဖြီးနေရတာ အဲ့လိုတောင် နောက်ကျောကို ဓားနဲ့ ထိုးကြတဲ့ဟာတွေနဲ့ကြီးတွေ့နေရတယ်။ တခါတလေ ဘဝကြီးက မတရားဘူး ဘုရားသခင်က သူ့ကို တော်တော်ချစ်ပုံပဲ" ဟူ၍ Evelynသည် သူမ၏ အခန်းထဲတွင် ဖုန်းကိုကြည့်ကာ တတွတ်တွတ်နှင့် ငြီးတွားနေသည်။ Evelynသည် ဗီဒီယိုများကို မွှေနှောက်ရှာဖွေနေသည်ကို အားမရသဖြင့် Amara ၏ Social media account များကို ရှာဖွေနေသည်။ Amara၏ social media account ကို ရှာဖွေတွေ့ရှိသော်လည်း profile ပုံတောင် မတင်ထားသည့် ဟာလာဟင်းလင်း ဖြစ်နေသော စာမျက်နှာသာ ဖြစ်နေသည့်အတွက် သက်ပြင်းချလိုက်ပြီး "ဟူး.....သူက ဘာကြီးလဲ ဘာပုံ ဘာစာမှလည်းမတင်ဘူး account အတုလည်း ဖြစ်စရာအကြောင်းမရှိပါဘူး သူနဲ့ ပက်သက်တဲ့ post တိုင်းက ဒီaccount ကို tagတွဲတင်ထားတာပဲ။ ဒါမှမဟုတ် သူက social mediaကို မသုံးတတ်တာလား။ မဖြစ်နိုင်တာ အခုခေတ်မှာ တစ်နှစ်ကလေးတောင် ပုံတင်တတ်တယ် သူမသုံးတတ်ဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါမှမဟုတ်....သူက တရားမဝင်အလုပ်တွေလုပ်တဲ့ မာဖီးယားကြီးလား..." ဟူ၍ စဉ်းစားနေချိန် သူမ၏ အခန်းတံခါးကို ခြေထောက်ဖြင့် အားသုံးကာ စောင့်ကန်၍ Amara ဝင်လာသည်။ သူမသည် နီညိုရင့်ရောင်ရှိသော ကုတ်အင်္ကျီလက်ရှည်နှင့် ‌စတိုင်ပန်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ သေနတ်တစ်လက်ကို ညာဖက်လက်တွင်ကိုင်ထားပြီး Evelynဆီသို့ ဒေါသထွက်နေသော မျက်နှာဖြင့် လျှောက်လှမ်းလာသည်။ Amaraသည် Evelynကို လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင်နေရာသို့ Evelynကို ထားလိုက်သည်။ ထို့နောက် Evelyn၏ သေးသွယ်သော ခါးကို Amara၏ လက်ဖြင့် ဆွဲဖက်လိုက်ပြီး စားပွဲပေါ်သို့ မချီကာ တင်လိုက်သည်။ ထို့နောက် Amaraသည် Evelynဆီသို့ သူမ မျက်နှာ တိုးကပ်လိုက်ပြီး သူမ၏ လက်ထဲတွင်ရှိသော သေနတ်ကို Evelyn၏ မေးစေ့အောက်သို့ထားကာ သူမ၏ မျက်နှာနှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် အနေအထားရောက်အောက် Evelyn၏ မေးစေ့ဖျားကို သေနတ်ထိပ်ဖြင့် မလိုက်သည်။ Amaraသည် Evelyn၏ နူးညံ့သည့် ပါးပြင်ကို သူမ၏ ဘယ်ဖက် လက်ဖဝါးဖြင့် ဖွဖွလေး ထိကိုင်လိုက်ကာ

Sunshine upon the Midnight SkyWhere stories live. Discover now