White Noise

10 1 0
                                    


                  Amelia ပြောတာလည်း အမှန်ပင်ဖြစ်သည်။ ကျွန်မစိတ်က ဖျော်ဖြေချင်ပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်ပေ။ ကျွန်မ ကျောင်းကအပြန် နေ့လယ် ဒါမှမဟုတ် ညနေပိုင်းဆို စားသောက်ဆိုင်မှာ အလုပ်လုပ်လေ့ရှိတယ်။ Smile ဘားဆိုင်မှာတော့ Ameliaကြောင့် ကျွန်မ ဖျော်ဖြေချင်တဲ့အချိန်ဖျော်ဖြေလေ့ရှိတယ်။ စနေ တနင်္ဂနွေမှာတော့ Ameliaရဲ့ မိတ်ဆွေဆိုင်ဖြစ်တဲ့ ဈေးဝယ်စင်တာက အအေးဆိုင်မှာ နေ့လယ်ပိုင်း အလုပ်လုပ်တယ်။ စာကတော့ ကျောင်းချိန်လွတ်တဲ့အချိန် အားတဲ့အချိန်တွေမှာ လုပ်ပြီးတော့ အမှတ်များအောင် ကြိုးစားရတာပေါ့။ ‌တက္ကသိုလ်ရဲ့ စကော်လာရှစ်ရဖို့က ကျောင်း activitiesတွေလုပ်ရတော့ ဂီတ clubရဲ့ ပြိုင်ပွဲတွေမှာပါဝင်လေ့ရှိသလို တခါတလေ အဖွဲ့နဲ့ codingပြိုင်ပွဲတွေမှာ ဝင်ပြိုင်လေ့ရှိတယ်။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းရတာ နားချိန်ဆိုတာ မရှိသလောက်ပါပဲ။

                         Amaraသည် သူမ အိတ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး သူ့ရဲ့ မိခင်ဖြစ်သော သူထံသို့ ဒေါ်လာ ၅၀၀ လွှဲပေးလိုက်သည်။ ထို့နောက် Amaraသည် သူမ၏ ခုတင်ထက်တွေရှိသော နူးညံ့သည့် မွေ့ယာထက်ပေါ်တွင် လဲချလိုက်ပြီး နဖူးပေါ်သို့ လက်တင်ကာ မျက်လုံးနှစ်ဖက်ကို မှိတ်ထားလျက် သက်ပြင်းတစ်ချက်ချလိုက်သည်။

               

                       ဒီနေ့ကတော့ ဖျော်ဖြေစရာမလိုတော့ဘူး အဲ့တော့ ငါအားနေတာပဲ။ အမှတ်မကျအောင် ငါ စာလုပ်ရမယ် ပြီးတော့ လာမယ့် Python codingပြိုင်ပွဲအတွက်လည်း ပြင်ဆင်ရဦးမယ်။ Ameliaက ငါ့ကို နားလို့ရအောင် ဒီနေ့ခွင့်ပေးထားပေမယ့် codingရိုက်တာက နားတာပဲမလား။ ဒီအတိုင်းလေး ထိုင်ပြီး ပြိုင်ပွဲအတွက် လေ့ကျင့်နေရုံလေးပဲလေ ဟုတ်တယ်မလား။

   

                 Amaraသည် မွေ့ယာပေါ်တွင် လဲလျောင်းနေရာမှ ထလိုက်ပြီး သူမ၏ စာကြည့်စားပွဲဆီသို့ သွားကာ သူမ၏ လက်ပ်တော့ပ်လေးကို ဖွင့်လိုက်ကာ စာလုပ်ရန်ပြင်လိုက်သည်။ Amaraသည် သူမ၏ မျက်မှန်လေးထောင့် အမည်းကိုတပ်ဆင်လိုက်ပြီး သူမ၏ နက်မှောင်သော ဆံနွယ်ရှည်ကို နောက်စေ့တွင်စုချည်လိုက်ကာ နားထဲ နားကြပ်တပ်ကာ သီချင်းနားထောင်ရင်း စာကို စိတ်ပါဝင်စားကာ လုပ်နေသည်။ ထိုအချိန်တွင် Ameliaသည် Amaraစားရန် ကွတ်ကီးနှင့် နွားနို့ကို သယ်ဆောင်က Amaraအခန်းဆီသို့ရောက်လာလေသည်။ Ameliaသည် Amara၏ တံခါးကိုခေါက်သော်လည်း Amaraပြန်မထူးသည့်အတွက် စိုးရိမ်သွားပြီး Amaraကို အဆက်မပြတ်လှမ်းခေါ်နေသည်။ Amaraသည် လော့မချထားသည့်အတွက် Amelia လက်ကိုင်တံခါးအား လှည့်ဖွင့်လိုက်ချိန်တွင် တံခါးပွင့်သွားပြီး စာကြည့်စားပွဲတွင် ထိုင်ကာ စာလုပ်နေသော Amaraကို တွေ့၍ စိတ်သက်သာရာရသွားသည်။Ameliaသည် အနားမယူဘဲ စာလုပ်နေသော Amaraကို တွေ့လိုက်ရ၍ ဒေါသထွက်သွားကာ Amaraအနားသို့ လျှောက်သွားပြီး Amara စားပွဲပေါ်သို့ နွားနို့နှင့် ကွတ်ကီးတင်ထားသော ဗန်းကို ချလိုက်သည်။ ထို့နောက် Ameliaသည် Amara၏ နားတွင် တပ်ထားသော နားကြပ်ကို ဆွဲဖြုတ်လိုက်ပြီး

Sunshine upon the Midnight SkyOnde histórias criam vida. Descubra agora