Memories will never fade away

13 2 17
                                    

G1: " နင်က မိန်းကလေးမို့လို့ ငါက အလွတ်ပေးမယ် ထင်နေလား"

                Amaraသည် သူမ အင်္ကျီကော်လာကို အားဖြင့် ဆွဲကိုင်ထား‌သော သူမ အနောက်တွင်ရှိသည့် သူ၏ လက်ကောက်ဝတ်အား သူမ၏ အားဖြင့် ဆွဲကိုင်ကာ ထိုသူနှင့် မျက်နှာချင်းဆိုင် အနေထားတွင်နေလိုက်သည်။ ထို့နောက် ထိုသူ၏ လက်ကောက်ဝတ်အကြောအား သူမ၏ လက်ချောင်းဖြင့် အားသုံးကာ ဖိနှိပ်လိုက်သည့်အတွက် ထိုသူ၏ လက်ကောက်ဝတ်မှာ အလွန်ပင် နာကျင်သွားချိန်တွင် သူ၏ ဒူးခေါင်းအား Amaraသည် သူမ၏ ခြေထောက်ဖြင့် ကန်လိုက်သည်။ ထိုသူမှာ နာကျင်သွားသည့်အတွက် မြေကြီးပေါ်တွင်ထိုင်ချလိုက်ရသည်။ ထို့နောက် Amaraသည် ထိုသူ၏ မျက်လုံးကို စိုက်ကြည့်လိုက်ကာ "ငါက မိန်းကလေးမို့လို့ နင် အနိုင်ကျင့်လို့ရမယ်ထင်နေတာလား" ဆိုပြီး Amaraသည် ထိုသူအား ပြောလိုက်သည်။ Amara၏ စကားအဆုံးတွင် ထိုသူနှင့် လိုက်ပါလာသော ယောက်ျားသား သုံးယောက်ထဲမှ တစ်ယောက်သည် Amaraအား အနောက်မှ ဖမ်းချုပ်လိုက်သည်။ ထို့နောက် မြေကြီးပေါ်တွင် ထိုင်နေသော သူသည် ချက်ချင်းမတ်တပ်ရပ်လိုက်ကာ Amara၏ ပါးပြင်ကို သူ၏ လက်သီးဖြင့် အားသုံးကာ ရိုက်လိုက်သည်။ ထိုသူ၏ လက်တွင် လက်စွပ်ဝတ်ဆင်ထားသောကြောင့် လက်စွပ်၏ အဆူးသည် Amara၏ နူးညံ့သော ပါးပြင်အား ခြစ်မိသွားသည်။ Amaraသည် ဒေါသစိတ်များပြင်းထန်လာ၍ သူမကို ဖမ်းချုပ်ထားသောသူ၏ ညာဖက်ခြေထောက်အား သူမ၏ ခြေထောက်ဖြင့် နင်းလိုက်ကာ သူ၏ မျက်နှာကို Amara၏ နောက်စေ့ဖြစ် နောက်ပြန်တိုက်လိုက်သည်။ ထိုသူ၏ လက်ထဲမှ Amara လွတ်သွားသည်နှင့် Amaraသည် ထိုသူ၏ လက်ကို ဆွဲယူကာ လက်ကို ကျောပြင်အထိ လိမ်ချိုးလိုက်ပြီး ကျောပြင်ကို အရှိန်ဖြင့် ကန်လိုက်သည်။ ထိုကဲ့သို့ Amara အားဖြင့်ကန်လိုက်သောကြောင့် ထိုသူနှင့်အတူ အရှေ့တွင်ရှိနေသည့် Amaraအား စော်ကားသည့်သူပါ လဲကျသွားသည်။ ထိုသူမှာ သူ၏ အမှားဖြစ်နေသော်လည်း လက်မလျှော့သေးဘဲ လဲကျနေရာမှ ထကာ Amaraအား ဆွဲထိုးရန် ရွယ်လိုက်သည်။ ထိုအချိန်တွင် သူနှင့်အတူလိုက်ပါလာသော အရပ်မြင့်မြင့်နှင့် ခန္ဓာကိုယ်မှာ ထောင်ထောင်မောင်းရှိပြီးဝါညက်ညက်အသားရည်ရှိသော အသက် ၄၀ အရွယ် အာရှသားတစ်ယောက်သည် အဖြစ်အပျက် အလုံးစုံကို ဘေးနားတွင် ရပ်ကြည့်နေသော်လည်း ဆက်လက်၍ လက်ပိုက်ကြည့်မနေနိုင်တော့သည့်အတွက် Amaraကို ထိုးရန် ရွယ်နေသော လက်ကောက်ဝတ်အား ဆွဲကာ တားဟန့်လိုက်သည်။


Sunshine upon the Midnight SkyWhere stories live. Discover now