part_22{Uni& Zaw}

5K 121 0
                                    


☀️နေရောင်ရှိမှပွင့်မည့်ပန်း🌸

Part_22

Nay Lat Yar hotel ခန်းမဆောင်ကြီးအတွင်း Media တွေရော ရှယ်ယာရှင်တွေရောရောက်ရှိနေကြသည်။အကြောင်းအရာကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းကထွက်ပေါ်နေတဲ့ Nay Lat Yar hotel ရဲ့ ရှယ်ယာအများဆုံး CEO ဦးနေမင်းအစား တစ်ခြားသူပြောင်းလဲတော့မည်ဟု သတင်းထွက်ပေါ်နေခြင်းကြောင့်ဖြစ်သည်။အခုလည်း CEO ဦးနေမင်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ဖို့အကုန်လုံးကိုဖိတ်ထားခြင်းဖြစ်သည်။

"Hello ကျွန်တော်အခု Nay Lat Yar Hotel ရဲ့ လက်ရှိ CEO ဦးနေမင်းပါ Media တွေအနေနဲ့ သိချင်တာမေးနိုင်ပါတယ် "

ထိုအခါမှ Media တွေက...

"လက်ရှိ CEO လို့ပြောတော့ CEO ပြောင်းတော့မယ်ဆိုတာသေချာတာပေါ့နော် ဖြေပေးပါဦး "

"ရှယ်ယာတွေမှာ ပြဿနာတက်နေတယ်လို့လည်းကြားပါတယ် ဖြေပေးပါဦး "

"နောက်ပြောင်းမဲ့ CEO ကရောဘယ်သူပါလည်း "

"ဖြေပေးပါ "

"ဖြေပေးပါ "

"အားလုံးပဲ ခဏတိတ်ပေးပါဗျ CEO ကအကုန်ဖြေပေးမှာဖြစ်တဲ့ အတွက် အားလုံးငြိမ်နေပေးကြပါ "

ဦးနေမင်းရဲ့ Security ကထပြောထဲဆိုအကုန်လုံးငြိမ်သွားတာကြောင့် ဦးနေမင်းကစကားစလိုက်သည်။

"အားလုံးထင်နေကြသလိုပဲ Hotel မှရှယ်ယာတွေနဲ့ပက်သက်ပြီး ပြဿနာဖြစ်နေပါတယ် hotel ရဲ့ ရှယ်ယာ 40 ရာခိုင်နှုန်းက ကျွန်တော်ပိုင်တာဖြစ်ပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်း က ရှယ်ယာ 10 ယောက်ပိုင်တာပါ အခုအဲရှယ်ယာယ် 60 ရာခိုင်းနှုန်းကို တိတ်တစိတ်နောက်ကွယ်ကနေ ဝယ်နေတဲ့သူရှိပါတယ် အခုသူကဘယ်သူလည်းဆိုတာမသိသေးပင်မဲ့ သူ ရှယ်ယာပိုင်ဆိုင်နှုန်းက 46 ရာခိုင်နှုန်း ရှိတဲ့အတွက် ထိုလူကရှယ်ယာအများဆုံးဖြစ်နေပါတယ် "

ဦးနေမင်းရဲ့ဖြေရှင်းချက်ကိုကြည့်ကာပွဲတစ်နေရာကနေကြည့်နေတဲ့ ရှိုင်း ကမဲ့ပြုံးပြုံးကာ...

"ခင်များတို့အခုတော့ ဘာတက်နိုင်သေးလည်း ဟွန်း အခု Reception က NayLatYar ဆိုတဲ့ Name က နောက်တစ်နေ့ကြရင် ရှိုင်း ဆိုပြီးပြောင်းသွားရင် ဟား...ဟား"

The sun of flower_နေရောင်ရှိမှပွင့်မည့်ပန်းWhere stories live. Discover now