part_33{Uni& Zaw}

6.2K 157 4
                                    

☀️နေရောင်ရှိမှပွင့်မည့်ပန်း🌸

Part_33

"သဘာဝ လာပြီလား "

"ဟုတ်ကဲ့ Manager နည်းနည်းနောက်ကျသွားတယ် သားလေးကညကကိုယ်နဲနဲပူလို့ပါ အခုတောင်သက်သာလို့ခေါ်လာခဲ့ရတာ"

Manager က သူကို ပြုံးပြကာ....

"နင်ဒီမှာလုပ်တာ စင်တာဖွင့်ကတည်းကနင်အလုပ်ဘယ်လောက်ကြိုးစားတယ်ဆိုတာငါသိပြီးသား နင့်သားကိုလည်း ဝန်ထမ်းတွေသာမက စင်တာလာတဲ့ customers တွေတောင် ချစ်နေကြတာ နင့်သားဝတ်တဲ့ ကလေးဝတ်တွေဆို ရောင်းမကုန်တာရှိလို့လားပြော"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

"နောက်နှစ်ရက်နေရင် စင်တာတစ်ခုလုံးရဲ့ CEO နိုင်ငံခြားကနေ ဒီမှာရုံးလာထိုင်တော့မှာ အဲ့ကျပိုကြိုးစားသိလား ရာထူးတိုးအောင် "

သူမတို့သားအမိအပေါ် စေတနာထားလွန်းတဲ့ Manager အစ်ကိုကို တကယ်ကျေးဇူးတင်ရပါသည်။သူမ Manager ကြီးကိုနှုတ်ဆက်ပြီး သူ့မှာတာဝန်ကျရာ ကလေးအဝတ်အစားဆိုင်ကို သားလေးကိုချီလျက် တစ်ဖက်က သားလိုအပ်တဲ့ ပစ္စည်းတွေဆွဲကာ ထွက်လာလိုက်သည်။

"နေနေ လာပြီကွ "

သူမ နဲ့ သားလေးကို ဆိုင်ကဝန်ထမ်းတွေကအကုန်ချစ်ကြသည်။သူမက အားလုံးကိုဖော်ရွေစွာစကားပြောသလောက် သားလေးကတော့ သူ့အသားကိုအထိမခံ ထိတာနဲ့ မပိကလာပိကလာနဲ့ ပြန်ပြောသေးသည်။ဒါကြောင့် နေနေလေးဟာတစ်ဆိုင်လုံးရဲ့ အချစ်တော်လေးကိုဖြစ်နေသည်။

"ဟင် "

မိုင် ဒီနေ့ စင်တာရောက်တုန်း သမီးလေးအတွက်ကလေးပစ္စည်းတွေဝယ်ရင်း ကလေးအဝတ်အစားဆိုင်ရှေ့အရောက် ချစ်စရာကလေးတစ်ယောက်နဲ့ အဝတ်အစားတွေအကြောင်းရှင်းပြနေတဲ့ သူငယ်ချင်းဖြစ်သူကိုတွေ့တာကြောင့်သူမအံ့သြသွားရသည်။အဲ့နေ့က ကို ကသူမနဲ့မပက်သက်ရဘူး အမိန့်ထုတ်ခဲ့ပင်မဲ့ သူမမနေနိုင်စွာ သူငယ်ချင်းဖြစ်သူကိုလာရှာတော့ ထွက်သွားပြီတဲ့။အဲ့အချိန်ကတည်းကပျောက်သွားတဲ့ သူငယ်ချင်းဖြစ်သူကိုအခုပြန်တွေ့လိုက်ရတော့ မျက်ရည်တွေဝဲလာပြီး သူမကလေးအဝတ်အစားဆိုင်ထဲကိုဝင်လာခဲ့သည်။

The sun of flower_နေရောင်ရှိမှပွင့်မည့်ပန်းWhere stories live. Discover now