Extra ⛄{Marry Christmas}⛄

8.6K 181 10
                                    

{Uni}

🎄The Sun Of Flower🎄

⛄{Marry Christmas}⛄

ဒီနေ့ Christmas နေ့မို့ မောင်က ဒီနှစ် Christmas party လုပ်မယ်ဆိုတာကြောင့် မွေးနေ့မလုပ်တော့ပဲ မောင့်မွေးနေ့ကို Christmas နဲ့ တွဲလုပ်ဖို့စီစဥ်ထားသည်။ခြံထဲမှာလည်း party အတွက်ပြင်ဆင်တဲ့သူကပြင်ဆင် အိမ်ထဲမှာလည်း အလှဆင်တဲ့သူတွေကလည်း သူနေရာသူပြင်ဆင်နေကြသည်။ချစ်လှစွာသော မောင်ကတော့ Christmas သစ်ပင်နဲ့ သားအဖနှစ်ယောက်အလုပ်ရှုပ်နေသည်။

"ဖေဖေ မီးလုံးတွေစင်တော့လေ"

"ဟာ အခု မီးလုံးစင်ရမဲ့အဆင့်မရောက်သေးဘူးကွ သစ်ရွက်ပန်းခွေအဝိုင်းတက်နေတယ်လေ"

သူကသစ်ပင်ကို ပြင်ဆင်နေရင်းသားမေးသမျှကို ပြန်ဖြေနေသည်။သားကလည်း မြန်မြန်ပြီးစေချင်တာမို့ မီးလုံးတွေကို အတင်းစင်ခိုင်းနေသည်။သူ သစ်ရွက်ပန်းခွေအဝိုင်းစင်ပြီးတော့ သစ်ပင်းထိပ်ဖျားမှာ ကြယ်လေးကိုထားလိုက်သည်။

"ကြယ်မထားရဘူး ဖေဖေ မီးလုံးထားရမှာ"

"ထိပ်ကြီးက အလုံးကြီး လှပါ့မလားကွ"

ကြည့်ဦး 5နှစ်အရွယ်ကလေးက လူလည်လုပ်နေလိုက်ပုံများ ဆရာကြီးစတိုင်နဲ့သူကိုလက်ပိုက်က ညွှန်ကြားနေတယ်ပေါ့။ဘယ်နဲ့ သစ်ပင်ထိပ်ဖျားကို ကြယ်တပ်တဲ့ဟာကို မီးလုံးတပ်တဲ့ တော်တော်အလှအပကိုခံစားတက်တာပဲ။

"လာ သား ဖေဖေကိုဆရာလုပ်မဲ့အစား မြန်မြန်ပြီးစေချင်တယ် မဟုတ်လား တုတ်ကောက်ကလေးတွေလာဝိုင်းတက်ပေး"

သားကသူပြောတယ်ဆို သူအနားချက်ခြင်းလာကာ စက္ကူသေတ္တာထဲက တုတ်ကောက်သေးသေးလေးတွေကို သူလုပ်သလိုလိုက်လုပ်ပေးနေသည်။

"ဖေဖေ ပြီးပြီလား မီးလုံးတက်လို့ရပြီလား"

"မရသေးဘူး လက်ဆောင်ထုပ်ကလေးတွေချိတ်ရဦးမှာ"

သူပြောရင်း လက်ဆောင်ဘူးသေးသေးလေးတွေကိုမှ ဖဲပြားအနီလေးတွေပတ်ထားတဲ့ ဘူးလေးတွေကို Christmas သစ်ပင်မှာချိတ်လိုက်သည်။

"ကဲနောက်ဆုံး အဆင့်ရောက်ပြီကွ "

"မီးလုံးလေးတွေဆွဲလို့ရပြီလား"

The sun of flower_နေရောင်ရှိမှပွင့်မည့်ပန်းWhere stories live. Discover now