final part{Uni&Zaw}

11.5K 204 15
                                    


☀️နေရောင်ရှိမှပွင့်မည့်ပန်း🌸

Part_41 {ဇာတ်သိမ်းပိုင်း}

"ဟယ် "

သူမ မိတ်ကပ်ပြင်ပေးတဲ့ မာမီတွေက သူမမောင်ရွေးပေးထားတဲ့ ဂါဝန်အဖြူလေးကိုဝတ်ကာထွက်လာတော့ငေးကြည့်နေကြသည်။သူမအခုပုံစံက အဖြူရောင်ဂါဝန်အရှည်ကားကားလေးကိုမှ ရင်ပြတ်မဟုတ်ပဲ အပေါ်မှာဇာလေးတွေပါသေးသည်။ခေါင်းထက်မှာက သရဖူလေးစောင့်ထားရပြီး ဆံပင်လေးတွေကိုကောက်ထားကာ ဖြန့်ချထားသည်။သူမက တကယ်ကို လှတယ်ဆိုတာထက်ပိုတဲ့ နတ်သမီးလေးတစ်ပါးအတိုင်းပင်။

"လှလိုက်တာ သမီးရယ် နော် စီစီ"

မာမီတစ်ယောက်သူနဲ့အဖောပါလာတဲ့တစ်ယောက်ကိုမေးတော့...

"ဟုတ်ပ ကျွန်မတို့သက်တမ်းမှာ ဒီသတို့သမီးလေးလောက်လှတာမမြင်ဘူးသေးဘူး"

မိုင်ကလဲ...

"နင့်ဒီဂါဝန်လေးနဲ့ အရမ်းလိုက်တယ် ဒါပင့်မဲ့ ရင်ပြတ်မဟုတ်ဘူးနော်"

"ဟုတ်တယ်လေ ဒင်းကငါ့ရင်ဘက်တွေပေါ်နေရင် တဏာရူးတွေကကြည့်နေမှာဆိုးလို့တဲ့လေ"

သဘာဝ စကားကိုပြုံးကာ....

"ဒါကတော့ချစ်တာကို ဟ"

ကျွီး.....

သူဝင်လာတယ်ဆို သူမကမှန်ဘက်လှည့်နေရာကနေ သူ့ကိုလှည့်ကြည့်လာတာကြောင့် သူမှာ တံခါးနားမှာတင် သူမအလှမှာကျရှုံးနေတော့သည်။သူကိုယ်တိုင်လဲ အနောက်တိုင်းဝတ်စုံနဲ့ ကြည့်လို့ကောင်းနေတာမို့ အခြောက်မာမီတွေက သူ့ကိုကြည့်နေကြသည်။သူမှင်သက်နေရာမှ မအနားလျှောက်လာကာ...

"လှလိုက်တာ မောင့်မိန်းမလေး ပြွတ်"

ပြောရင်း နဖူးလေးပါငုံနမ်းလိုက်တဲ့မောင်ကြောငိ့ သူမမျက်နာလေးရဲသွားရသည်။

"မာမီတို့ ကျွန်တော် မကိုဘယ်နားတွေမှမထိထားပါဘူးနော် မျက်နာပဲ မျက်ကပ်ပြင်ခိုင်းတာ"

သူပြောတော့ စီစီဆို့တဲ့ အသားညိုညိုအရပ်ရှည်ရှည်နဲ့အခြောက်က သူအနားကပ်လာပြီး...

"သူမကိုမထိပါဘူး သားကိုပဲထိချင်တာရလား အဟီး"

သူအရှေ့က အမဲခြောက်စကားကို မျက်မှောင်ကုတ်ကာ တုန့်ပြန့်လိုက်သည်က ...

The sun of flower_နေရောင်ရှိမှပွင့်မည့်ပန်းWhere stories live. Discover now