part_28{Uni&Zaw}

5.8K 147 2
                                    


☀️နေရောင်ရှိမှပွင့်မည့်ပန်း🌸

Part_28

"မောင် နင်သတိမေ့နေတာ ဆယ်ရက်ရှိပြီနော် ငါ့ကိုသတိမရဘူးလားဟာ နင်ပြောတော့ ငါ့ကိုချစ်တယ်ဆို ငါမရှိရင်မနေနိုင်ဘူးဆို အခုကြနေနိုင်တယ် ဟုတ်လားဟင်"

သူမ ဆေးပိုက်တွေနဲ့ လူနာကုတင်ပေါ်မှာမေ့မြောနေတဲ့မောင်လက်ကလေးကို ကိုင်ကာ မကြားနိုင်မှန်းသိပင်မဲ့သူမပြောနေမိသည်။သူမ မောင့်ကို သတိရတယ်။မောင်ရဲ့ မ လို့ခေါ်သံလေးကို လွမ်းတယ်။မောင်ရဲ့ ရင်ခွင်ကိုလည်လွမ်းတယ်။မောင်ရယ် ငါအပြစ်အတွက် ဒီလောက်အပြစ်ပေးရတော့ပါတော့။မောင်မကျေနပ်သေးရင် နိုးလာပြီး မုန်းတယ်လို့ပြောတာကို ပိုခံနိုင်ရည်ရှိမယ်ထင်တယ်။အခုအချိန်မှာ မောင်နိုးထလာတာလေးကိုမြင်ချင်တယ်။

"မောင် နင်သိလား နင်ငါနဲ့ နေ့ခင်းဘက်ကျောင်းဆင်းချိန်ထမင်းလာစားတဲ့အခါ ငါ့ဘက်က တိတ်တဆိတ်နင်အမြဲလာပါစေဆုတောင်းနေခဲ့တာ ငါ...."

ကျွီ

သူမမောင်ကိုစကားပြောနေတုန်းသူနာပြုဆရာမလေးရောက်လာတာကြောင့် စကားပြောနေတာကို ရပ်ကာ..

"ဆရာမ ဘာကူရမလဲ"

"လူနာကို ရေပတ်တိုက်ပေးမလို့ပါ"

"ရပါတယ် ဆရာမ ကျွန်မလုပ်ပေးလိုက်ပါ့မယ်"

သူမ ဆရာမယူလာတဲ့ ရေဇလား နဲ့ တဘတ်ကိုယူကာ ရေချိူးခန်းထဲဝင်ပြီး သေချာသန့်ရှင်းကာ ရေထည့်ပြီး မောင့်အနားပြန်လာကာ ဘေးကခုံပေါ်တင်ထားလိုက်သည်။ပြီးတော့ မောင့်အင်္ကျီကြိုးကိုဖြည်ကာ ရေစိမ်ထားတဲ့ တဘတ်ကိုယူကာရေညစ်လိုက်ပြီး မောင်ကိုသန့်ရှင်းရေးလုပ်ပေးရသည်။သူမ မောင်ခြုံထားတဲ့စောင်ကိုဖယ်ကာ လူနာဝတ်ဘောင်းဘီကို လိပ်တင်လို့ရသလောက်လိပ်တင်ပြီး ရေပတ်တိုက်ပေးနေသည်။သူမ သန့်ရှင်းရေးလုပ်ပြီးတယ်ဆို မောင့်ကိုစောင်ပြန်ခြုံပေးလိုက်ပြီး တဘတ်ကို ရေဇလားထဲပြန်ထည့်လိုက်သည်။

သူမ မောင့်ကိုကြည့်ကာ မျက်ရည်တွေက တားမရစီးမရကျလာပြန်သည်။

"မောင် စိတ်ဆိုးနေတယ်ဆိုရင်လည်း တစ်ခြားနည်းနဲ့ဆိုးပါမောင်ရယ် မောင်ကို ဒီလိုမြင်နေရတာ ရင်တွေကွဲတော့မယ် မောင် ရှိုင်းထက်မြတ် နဲ့စကားမပြောစေချင်ဘူး မဟုတ်လား မပက်သက်တော့ဘူးလေ ​မောင်သိပ်ချစ်တယ်ဆိုတဲ့ ငါ ငိုနေပြီလေ မောင်ကြည့်ရက်တယ်လား ဟင့် ဟီး ထပါတော့ မောင်ရယ် မောင်ဒီလိုဖြစ်ရတာငါ့​ကြောင့်ပါ ဟင့် ပြွတ်"

The sun of flower_နေရောင်ရှိမှပွင့်မည့်ပန်းWhere stories live. Discover now