Scroll Down For Zawgyi🥰
အခန်း ၁ (ပ)
⚠️ ဆိုးဝါးသောအကြောင်းရာတချို့ ပါသော်လည်း သိပ်ပြီးမပြင်းထန်ပါ ⚠️
ကမ္ဘာပျက်ကပ် ရောက်ရှိလာသည့်အခါ သတင်းများ နေရာတိုင်းမှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး စူပါမားကတ်တွေနှင့် ဆေးဆိုင်တွေကို တိုက်ခိုက်လုယက်သူများ ရှိလာသည်။ တချို့မှာ ရုန်းရင်းဆန်ခတ်မှုထဲ သေဆုံးသွားကြပြီး တချို့မှာတော့ ရှိသမျှသက်ရှိများအားလုံးကို တိုက်ခိုက်နေသည့် ဆာလောင်မွတ်သိပ်နေသော ဖုတ်ကောင်များ၏ ဝါးမြိုစားသောက်ခြင်းခံလိုက်ရသည်။
ဟုတ်ပေသည်၊ အကြီးအကျယ် ကသောင်းကနင်းဖြစ်မှုနှုန်းကို အလွယ်တကူ ထိန်းချုပ်နိုင်သော မြို့များလည်းရှိပြီး လူတို့ကို အစာစုဆောင်းဖို့ဦးဆောင်ကာ ဖုတ်ကောင်များနဲ့ သန္ဓေပြောင်းတိရစ္ဆာန်များရန်မှ ကင်းဝေးစေဖို့ ခိုလှုံရာနေရာများ တည်ဆောက်ကြသည်။ ဟုတ်တာပေါ့၊ ထို့အပြင် အကြီးအကျယ်ကသောင်းကနင်းဖြစ်မှုနှုန်း ၁၀၀ ရာခိုင်နှုန်းရှိသည့် နေရာတစ်ခုရှိသည် - လန်သဲ့ပါပင်။
ဤမြို့ကို သုခဘုံလေးတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ရေကန်လှလှလေးရှိသည့် တောအုပ်နားမှာရှိကာ အမြဲမပြတ် လေပြည်အေးတို့ တသုန်သုန်ဆော်သွေးနေတတ်ပြီး ကိုယ်စိတ်ချမ်းသာသည့် နေထိုင်သူများနှင့်အတူ ချစ်စရာကောင်းသည့်အိမ်တွေရှိသည်။ လန်သဲ့တွင် နေထိုင်သူအများစုမှာ အသက်အရွယ်ကြီးရင့်သူများဖြစ်သည်။ မြို့နာမည်အတိုင်းပင်၊ ပေါ့ပါးလွတ်လပ်သော နေရာတစ်ခုဖြစ်ပြီး အေးချမ်းသောဘဝတစ်ခုရမည်ဟု လုံးဝအာမခံချက်ပေးနိုင်သည်။
အလွန်ဝေးလံသောနေရာတွင်ရှိပြီး လာရောက်လှည့်ပတ်ကြည့်ရှုရန် ခရီးသွားဆွဲဆောင်မှုများမရှိတာကြောင့် လန်သဲ့ကို လာရောက်လည်ပတ်သူအနည်းငယ်သာရှိပြီး အမြဲလိုလို တိတ်ဆိတ်နေတတ်တာမို့ စွန်းလင်းသည် ဤနေရာတွင်အခြေချနေထိုင်ရန် အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။ သူသည် ပျင်းပျင်းရိရိဖြင့် ဘဝကိုဖြတ်သန်းချင်သည်၊ သခင်ငယ်လေးတစ်ယောက်လို စားလိုက်အိပ်လိုက်သာ လုပ်ချင်သည်။ ဟုတ်တာပေါ့၊ သူက ဆင်းရဲတာကြောင့် ထိုသို့သောဘဝမျိုး မပိုင်ဆိုင်နိုင်ပေ၊ သို့ပေသိ အေးအေးချမ်းချမ်းနှင့် ကောင်းကောင်းမွန်မွန် စားသောက်နိုင်သရွေ့ စွန်းလင်းကျေနပ်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှာ ကျွန်တော်ဝက်ဖြစ်လာတယ် [Completed✔]
Short Storyအချိုကြိုက်သူများအတွက် သကြားလုံးလေးပါနော်❤ Oneshot လေးပါပဲ!