(ဒု)

2.3K 301 0
                                    

[Unicode]

အခန်း ၁ (ဒု)

    အန္တရာယ်တစ်ခုခုရှိလာပါက သူ့ကိုယ်သူ ရုံးခန်းထဲတွင် ပိတ်​၍နေနိုင်ပြီး အားလုံးအဆင်ပြေသွားမည်ဖြစ်သည်။ ထို့အပြင် စူပါမားကတ်တွင် အင်တာနက်လည်းရှိ​​​သေးသည်။ အမှန်စင်စစ် လူတစ်ယောက်အ​နေဖြင့် ဝက်တစ်ကောင်၏ဘဝလို ဖြတ်သန်း​နေထိုင်ဖို့ လိုအပ်သမျှအရာအားလုံးရှိ​လေသည်။

ဟာသဗီဒီယိုတွေကြည့်မယ်၊ များများစားမယ်၊ ပြီးရင်အိပ်မယ်!

လန်သဲ့တွင် တခြားအသက်ရှင်နေသည့်လူများ ရှိပုံမပေါ်သောကြောင့် အဆီတို့​ဖောင်းကား​နေသည့် ဝက်တစ်​ကောင်အဖြစ် ပြောင်းလဲသွားမည့်အ​ပေါ် သူစိုးရိမ်နေစရာမလိုပါ။ သူ့ပုံပန်းသွင်ပြင်ကို ​ဝေဖန်မည့် ဘယ်သူမှ မရှိ​ပေ၊ ဗိုက်အဆီများ အထပ်လိုက်ဖြစ်လာမည်ကို သူမ​ကြောက်​ပေ၊ ဟဟ!

စွန်းလင်းသည် သူ၏ ကြီးကျယ်ခမ်းနားသော အနာဂတ်အတွက် စီစဉ်ပြီးနောက် စူပါမားကတ်ရှိ တွန်းလှည်းကို ယူကာ အစားအစာများ စတင်ဖြည့်​တော့သည်။ ချိုချဉ်၊ မုန့်သ​ရေစာ၊ စည်သွပ်ဘူးများနှင့် စားကောင်းသမျှအရာအားလုံးပင်။ တွန်းလှည်းပြည့်သွားသောအခါ မန်နေဂျာရုံးခန်းသို့ ယူသွားလိုက်၏။ ကွန်ပျူတာ၊ ဆိုဖာပျော့တစ်လုံးနှင့် ရေခဲသေတ္တာတစ်လုံးတို့ ရှိ​နေသည်။ ဤသည်က သူ့အခန်းသစ်ဖြစ်သွား​​ပေတော့မည်။

အစားအသောက်များကို ဗီရိုများ၊ အံဆွဲများနှင့် စောစောက သူကောက်ယူခဲ့သည့် ကတ်ထူပုံးအများကြီးထဲ သိုလှောင်ထားလိုက်ပြီး​​နောက်တွင်​​တော့ စွန်းလင်းသည် စိတ်သက်သာရာရ​သော သက်ပြင်းတစ်ချက်ချလိုက်သည်။ အကယ်၍ ဤစူပါမားကတ်သည် ဖုတ်ကောင်များ သို့မဟုတ် ဆာလောင်နေ​သောလူများ၏ ​သောင်းကျန်းခံရပါက၊ ဤရုံးခန်းထဲတွင် ပုန်း​အောင်းနေပြီး လအနည်းငယ်ကြာအောင် ရှင်သန်နိုင်သည်။

အိုး...သူ ပင်ပန်းနေပြီ...

ငိုက်မျဉ်းစွာဖြင့် သမ်းဝေလိုက်ပြီး မျက်နှာသုတ်ပုဝါအသစ်တစ်ထည်နှင့် ဆပ်ပြာတစ်တုံးကို ယူလိုက်ကာ ရေချိုးဖို့ရန် ရေချိုးခန်းဆီ လျှောက်သွားသည်။ ရေသည် သူ၏ အနက်ရောင်ဆံပင်များ၊ သွယ်လျသောလည်တိုင်နှင့် သေးသွယ်သောခါးမှတဆင့် ဝမ်းဗိုက်အောက်သို့ စီးဆင်းသွားသည်။ သူ၏ ခြေတံရှည်များသည် ဖြောင့်တန်းပြီး အပြစ်အနာအဆာကင်းကာ ဖုံးကွယ်ခံထားရသည့် အသားအရည်သည် အသန့်စင်ဆုံး​သော ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။

ကမ္ဘာပျက်ကပ်မှာ ကျွန်​တော်ဝက်ဖြစ်လာတယ် [Completed✔]Όπου ζουν οι ιστορίες. Ανακάλυψε τώρα