[Unicode]
အခန်း ၁ (တ)တံခါးကို သော့ခတ်ထားတာမို့ အန္တရာယ် မရှိပါပေ။
သူတစ်ရေးတစ်မော အိပ်မောကျနေစဉ်မှာ စွန်းလင်းသည် အေးစက်သည့်လက်တစ်စုံက သူ့မျက်နှာကို ပွတ်သပ်နေသလို ခံစားလိုက်ရသည်။ အေးလွန်းတာမို့ သက်ရှိလက်လို့ပင် မခံစားရပေ။
"!!!" သူခုန်ထလိုက်ရာ စစ်ဝမ်၏ ချောမောသော်လည်း ကြောက်စရာကောင်းသော မျက်နှာနှင့် မျက်နှာချင်းဆိုင်သွားရသည်။
"မိန်းမ နိုးလာပြီပဲ။" စစ်ဝမ်က အံ့အားသင့်သွားသော စွန်းလင်းကိုကူညီကာ ထိုင်စေရင်း ပြုံးလိုက်သည်။
"ခင်ဗျားဒီမှာဘာလုပ်နေတာလဲ၊ ခင်ဗျားဘယ်လိုဝင်လာတာလဲ၊ ကျွန်တော်တံခါးကိုသော့ခတ်ထားတာလေ!" စွန်းလင်းက ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။
ဖုတ်ကောင်က တံခါးကို တိတ်တဆိတ်ဖွင့်လာနိုင်ခြေကို သူ ခဏလောက် စဉ်းစားမိခဲ့မည်ဆိုလျှင် သူ ဤမျှသက်တောင့်သက်သာဖြင့် အိပ်ပျော်သွားမှာ မဟုတ်ပေ။
"ကိုယ့်မှာသော့တွေရှိတယ်။" စစ်ဝမ်က စွန်းလင်းကို လှောင်ပြောင်နေသလို စွန်းလင်း၏ မျက်နှာရှေ့တွင် သော့များ ဝှေ့ယမ်းပြလာသည်။
"...." အိုး...
"အိုး!" ဒီဖုတ်ကောင်စုတ်ကတော့။
"မိန်းမ၊ စိတ်မဆိုးပါနဲ့၊ ကိုယ်မင်းအတွက် စားစရာတစ်ခုခုလုပ်ထားပေးတယ်။" စစ်ဝမ်က စားပွဲပေါ်က ဗန်းကို ကောက်ကိုင်လိုက်ပြီး စွန်းလင်းရှေ့မှာ ချပေးလိုက်သည်။ သူ၏တောင့်တင်းသော မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သောအပြုံးတစ်ခုရှိနေသည်။
စွန်းလင်းသည် အရသာရှိသော အစားအစာ၏ ရနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် ကြောက်ရွံ့မှုများအားလုံး ပျောက်ကွယ်သွားရသည်။
ဩော်၊ ဒီဖုတ်ကောင်က ဘယ်လောက်တောင် ကြင်နာတတ်လဲ ကြည့်ကြည့်လိုက်စမ်း! ပြီးတော့ ဒီအရသာရှိတဲ့ အစားအစာကိုလည်း ကြည့်လိုက်ကြစမ်းပါ!
ဖုတ်ကောင်၏ ပခုံးကိုပုတ်ပေးလိုက်ပြီး စားပွဲမှာထိုင်လိုက်ကာ သူ စတင်စားသောက်တော့သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှာ ကျွန်တော်ဝက်ဖြစ်လာတယ် [Completed✔]
Short Storyအချိုကြိုက်သူများအတွက် သကြားလုံးလေးပါနော်❤ Oneshot လေးပါပဲ!