[Unicode]
အခန်း ၁ (စ)"ကိုယ်တို့ အခြေစိုက်စခန်းမှာ လူတစ်ရာနီးပါးရှိတယ်၊ ၃၀% က မလုံလောက်ဘူး။ အပြင်မှာ မင်းတစ်ယောက်တည်း ဒီလိုနေတာ အန္တရာယ်များလွန်းတယ်။ ကိုယ်တို့စခန်းကို လိုက်ခဲ့ရင်ရော ဘယ်လိုလဲ။ မင်းကို ကိုယ်ကောင်းကောင်း ဂရုစိုက်ပါ့မယ်။"
ကျင်ခိုင်က ချဉ်းကပ်လာပြီး စွန်းလင်းကို ထိဖို့ လက်လှမ်းလိုက်သည်။ ဖြူဖွေးနူးညံ့သော အသားအရည်ကို ထိတွေ့လိုက်ရလျှင် မည်သို့ခံစားရမည်မှန်း သူသိချင်သည်။
"ဟင့်အင်း!" စွန်းလင်းက ကြောက်ရွံ့စွာ အော်ဟစ်လိုက်ပြီး ကျင်ခိုင်ဆီမှ ဝေးရာသို့ရွှေ့လိုက်သည်။
ထိုလူတို့သည် သူ့အား သားရိုင်းများလို တပ်မက်စွာဖြင့် ကြည့်နေကြသည်ကို သူသိလိုက်သည်။
"မကြောက်ပါနဲ့ ညီလေးရယ်၊ ကိုယ် မင်းကို ထိခိုက်အောင် မလုပ်ပါဘူး။" ကျင်ခိုင်သည် သူ့လူများကို လက်ဟန်လုပ်ပြရင်း စွန်းလင်းကို အမြန်ဖမ်းဆီးစေလိုက်သည်။
"ဟင့်အင်း၊ ဟင့်အင်း၊ ကျွန်တော့် လွှတ်! ဝမ်ကောရေ!" စွန်းလင်းသည် စစ်ဝမ်ကို လှမ်းအော်ခေါ်သည်။
စစ်ဝမ်သည် ဖုတ်ကောင်ဖြစ်သော်လည်း ဤညစ်ညမ်းသောလူသားများထက်တော့ ပို၍ယုံကြည်စိတ်ချရသည်။
"ဘယ်သူ့ကို ခေါ်တာလဲ။" ကျင်ခိုင်စိတ်ရှုပ်ထွေးသွားသည်။
ဒီကောင်လေးက သူ့တစ်ယောက်တည်းရှိတာလို့ ပြောတယ်မလား။ သူဘယ်သူ့ကိုခေါ်နေတာလဲ။
"မင်းတို့နှစ်ယောက်က သူ့ကို ဖမ်းချုပ်ထားပြီး ကျန်တဲ့လူတွေနဲ့ စားစရာယူဖို့ ငါနဲ့လိုက်ခဲ့၊ သတိထားဦး၊ ဒီမှာ တခြားလူတွေရှိတဲ့ပုံပဲ။" ကျင်ခိုင်သည် စွန်းလင်း၏ မေးစေ့ကို ညှစ်လိုက်ပြီး သူ့လူများနှင့်အတူ ရုံးခန်းထဲမှ ထွက်သွားသည်။
စွန်းလင်းကို သန်မာကြံ့ခိုင်သော လူနှစ်ယောက်က ဆွဲခေါ်သွားသည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ အိုင်ထွန်းနေသည်။
"မင်းတို့ ဘာလုပ်တာလဲ?!" တိတ်ဆိတ်နေသော စူပါမားကတ်အတွင်း အသံတစ်သံ ပဲ့တင်ထပ်လာသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှာ ကျွန်တော်ဝက်ဖြစ်လာတယ် [Completed✔]
Short Storyအချိုကြိုက်သူများအတွက် သကြားလုံးလေးပါနော်❤ Oneshot လေးပါပဲ!