Ch-1 (ပ)

4.4K 292 0
                                    

Scroll Down For Zawgyi🥰

အခန်း ၁ (ပ)

⚠️ ဆိုးဝါး​​သောအကြောင်းရာတချို့ ပါသော်လည်း သိပ်ပြီးမပြင်းထန်ပါ ⚠️

ကမ္ဘာပျက်ကပ် ရောက်ရှိလာသည့်အခါ သတင်း​များ နေရာတိုင်းမှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး စူပါမားကတ်​တွေနှင့် ဆေးဆိုင်​တွေကို တိုက်ခိုက်လုယက်သူများ ရှိလာသည်။ တချို့မှာ ရုန်းရင်းဆန်ခတ်မှုထဲ သေဆုံးသွားကြပြီး တချို့မှာ​တော့ ရှိသမျှသက်ရှိများအားလုံးကို တိုက်ခိုက်​​နေသည့် ဆာလောင်မွတ်သိပ်နေသော ဖုတ်ကောင်များ၏ ဝါးမြိုစား​သောက်ခြင်းခံလိုက်ရသည်။

ဟုတ်​ပေသည်၊ အကြီးအကျယ် က​သောင်းကနင်းဖြစ်မှုနှုန်းကို အလွယ်တကူ ထိန်းချုပ်နိုင်​သော မြို့များလည်းရှိပြီး လူတို့ကို အစာစု​ဆောင်းဖို့ဦး​ဆောင်ကာ ဖုတ်ကောင်များနဲ့ သ​​န္ဓေ​ပြောင်းတိရစ္ဆာန်များရန်မှ ကင်း​ဝေး​စေဖို့ ခိုလှုံရာ​နေရာများ တည်ဆောက်ကြသည်။ ဟုတ်တာ​ပေါ့၊ ထို့အပြင် အကြီးအကျယ်က​သောင်းကနင်းဖြစ်မှုနှုန်း ၁၀၀ ရာခိုင်နှုန်းရှိသည့် နေရာတစ်ခုရှိသည် - လန်သဲ့ပါပင်။

ဤမြို့ကို သုခဘုံလေးတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ရေကန်လှလှ​လေးရှိသည့် တောအုပ်နားမှာရှိကာ အမြဲမပြတ် ​လေပြည်အေးတို့ တသုန်သုန်​ဆော်​သွေး​နေတတ်ပြီး ကိုယ်စိတ်ချမ်းသာသည့် နေထိုင်သူများနှင့်အတူ ချစ်စရာကောင်းသည့်အိမ်​တွေရှိသည်။ လန်သဲ့တွင် နေထိုင်သူအများစုမှာ အသက်အရွယ်ကြီးရင့်သူများဖြစ်သည်။ မြို့နာမည်အတိုင်းပင်၊ ​ပေါ့​ပါးလွတ်လပ်​​သော နေရာတစ်ခုဖြစ်ပြီး အေးချမ်းသောဘဝတစ်ခုရမည်ဟု လုံးဝအာမခံချက်​ပေးနိုင်သည်။

အလွန်​​ဝေးလံ​သော​နေရာတွင်ရှိပြီး လာ​ရောက်လှည့်ပတ်ကြည့်ရှုရန် ခရီးသွားဆွဲဆောင်မှုများမရှိတာကြောင့် လန်သဲ့ကို လာရောက်လည်ပတ်သူအနည်းငယ်သာရှိပြီး အမြဲလိုလို တိတ်ဆိတ်နေတတ်တာမို့ စွန်းလင်းသည် ဤနေရာတွင်အ​ခြေချနေထိုင်ရန် အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။ သူသည် ပျင်းပျင်းရိရိဖြင့် ဘဝကိုဖြတ်သန်းချင်သည်၊ သခင်ငယ်​လေးတစ်​ယောက်လို စားလိုက်အိပ်လိုက်သာ လုပ်ချင်သည်။ ဟုတ်တာ​​ပေါ့၊ သူက ဆင်းရဲတာ​ကြောင့် ထို​သို့​သောဘဝမျိုး မပိုင်ဆိုင်နိုင်ပေ၊ သို့​ပေသိ အေး​အေးချမ်းချမ်းနှင့် ​ကောင်းကောင်းမွန်မွန် စားသောက်နိုင်သရွေ့ စွန်းလင်းကျေနပ်သည်။

ကမ္ဘာပျက်ကပ်မှာ ကျွန်​တော်ဝက်ဖြစ်လာတယ် [Completed✔]Wo Geschichten leben. Entdecke jetzt