Part 6

716 64 20
                                    

Zawgyi

"မင်းက အိပ်ချင်နေပြီလား"

"မဟုတ်ပါဘူး အထုတ်တွေ နေရာ ချမလို့"

"ဒီတိုက်ခန်းမှာ အခန်း နှစ်ခန်းရှိတယ် ဟိုအခန်းက တို့အခန်း..မင်းအခန်းက"ချယ် အခန်းတစ်ခန်းကို လက်ညိုးထိုးပြသည်။

"လီလီက ဒါဆို ဟိုအခန်းပေါ့"ချယ်က ဟို အခန်းဆိုတော့ လီလီက တစ်ခြားအခန်းကို ပြောလိုက်သည်။

"နိုး မင်းကလည်း. ငါ့အခန်းထဲမှာ ငါနဲ့ အတူတူ နေရမှာ"

"ရှင်! "
......ခဏကြာတော့ TV ပိတ်ကာ ချယ်အရင် အခန်းထဲ ဝင်သွားပြီး လီဆာ့ကို သူ့နောက်က လိုက်ဖို့ရန် ခေါ်ခဲ့သည်။
ထို့နောက် ချယ်ကုတင်ပေါ်လဲချကာ လီဆာ့ကို

"လာလေ ဘေဘီ"
ကုတင်ဘေးမှာ မလာသေးဘဲ ရပ်ကြည့်နေသည့် လီဆာအား ချယ်ပြောလိုက်သည်။

"ဟို.. ဟို လီလီ တစ်ခြား အခန်းမှာ အိပ်.. အိပ်လို့ရမလား"ဟု
လီဆာ ပြောတော့ ချယ်ထကာ

"ဘာလို့လဲ မင်းက တို့ကို ကြောက်နေတာလား ဟုတ်လား ဘေဘီ"
ချယ် လီဆာနားသို့လာကာ လီဆာ မေးလေးကို ကိုင်ပြီး ပြောလိုက်သည်။

"ဟို... ဟို"လီဆာ့ မေးကို ကိုင်ကာ ပြောနေတဲ့ ချယ်ကြောင့် လီဆာ လည်ချောင်းဝမှာပင် စကားတွေ မထွက်ခဲ့တော့။

"ဟို.. မနေနဲ့ လာ"ဟုပြောပြီး လီဆာကို ဆွဲခေါ်သွားသည်

"အိပ်လေ ဘေဘီ"

"ဟုတ်. ဟုတ်"ဆိုပြီး လီဆာ ကုတင်ပေါ် တက်ကာ အိပ်လိုက်သည်။ ချယ့်ကို ကျောပေးကာ

လီဆာ အိပ်နေတုန်း ခါးကို. ချယ့်လက် လာထိတာကြောင့် လန့်သွားသည်။

ပြီးနောက် ချယ်လည်း သူ့ကို ကျောပေးပြီး အိပ်နေတဲ့ လီဆာကို သူ့ဖက်ဆွဲလှည့်ကာ.. ရင်ခွင်ထဲသို့ ထည့်၍

"ဒီလိုလေးပဲ အိပ်ရအောင် ဘေဘီ 😘"ဟု ပြောပြီး လီဆာ နှုတ်ခမ်းလေးကို ဖြတ်ခနဲ နမ်းသွားသည်
ထို့နောက် "Good night Baby"ဟူ ပြောကာ ချယ် အိပ်လိုက်သည်

လီဆာကတော့.. ရုတ်တရပ် ချယ်လာနမ်းတာကြောင့်..ကြောင်အမ်းအမ်း ဖြစ်ကာ ခုန်နေတဲ့ နှလုံးခုန်သံကို လက်နဲ့ ဖိကာ"Good poop"ဟု တိုးတိုးလေး ပြောပြီး အိပ်ပျော်အောင် ကြိုးစားရင်း ချယ့် ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားသည်။
.....      ... . . .. . . .    .  ...    ..   ..    ..        ..    ..   ..  .   ..
အခန်းတွင်းသို့ ထိုးဖောက် ဝင်ရောက်လာတဲ့ အလင်းရောင်ကြောင့် လီဆာ နိုးလာခဲ့သည်။

Mommy rose'(Completed) Where stories live. Discover now