Part 13

505 53 10
                                    

Zawgyi

ချယ် အခုတလော ဆင်ခြင်နေရသည်။ချယ် တစ်နေရာရာ သွားတိုင်း ချယ့်ကားနောက်မှာ ကားတစ်စီး ပါလာသည်။ဒါဟာ အိုမားကြောင့်ပဲ ချယ့်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားတာ ဖြစ်သည်။

ဒါကြောင့် ကလေးနဲ့ အပြင်မှာဆို သိပ်ပြီး နီးနီးကပ်ကပ် နေလို့မရ အနေအထိုင် ဆင်ခြင်နေရသည်။ချယ်နဲ့ ကလေးတာ အနေအထိုင် မဆင်ခြင်ဘူးဆိုရင် အိုမားလူတွေက မြင်သမျှ ကြားသမျှတိုင်း အိုမားကို ပြောလိုက်ရင် ချယ်နဲ့ ကလေးဝေးနိုင်သည်။

အခုဆို ချယ်နဲ့ကလေးက  တိုက်ခန်းမှာသာ လွှတ်လွှတ်လပ်လပ် ချစ်နိုင်ကြသည်။
✒   ✒  ✒   ✒   ✒     ✒  ✒
ဒီနေ့ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် မုန့်လုပ်စားကြမယ် ဆိုပြီး ချယ်က unnie Jijiကို ခေါ်ထားပြီး. ကလေးကတော့ သူ့သူငယ်ချင်း Jennieကို ခေါ်ထားတာကြောင့်
အခုတော့ ချယ့်တိုက်ခန်းမျာ လူစုံနေသည်။

တနင်္ဂနွေနေ့မှာ လွှတ်လွှတ်လပ်လပ် ကလေးနဲ့ အပြင်ထွက်ချင်တယ် ဆိုပေမယ့် အိုမားကြောင့် ချယ် တိုက်ခန်းမှာတာ နေနေရခြင်း။
........................
"ယောင်းငယ် ဒီကို လာသယ်ကူပါဦး"ဆိုပြီး မီးဖိုချောင်ထဲမှာ ချက်ပြုတ်ပြိံးတဲ့ unnie Jijiက ယောင်းကို မုန့်ပန်းကန်တွေ ကူသယ်ပေးဖို့ ပြောသည်။

"ဟုတ် unnie"ဟု ပြောပြီး ချယ် unnieဆီမှ မုန့်ပန်းကန်တွေကို ဧည့်ခန်းသို့ ယူလာခဲ့သည်။

ထို့နောက် ဧည့်ခန်းထဲမှာ TVကြည့်ပြီး ထိုင်နေသည့် ကလေးမှ
"မာမီ ကလေးကော ဘာသယ်ပေးရမလဲ"

"ဟုတ်တယ် roise jenတို့ကော ဘာလုပ်ကူရဦးမလဲ"

"ရပါတယ် ကလေးနဲ့ jenက ဒီမှာထိုင်နေနော် တို့နဲ့ unnieပဲ သယ်လာခဲ့မယ် ကြားကြလား"

"ဟုတ် မာမီ"

"အင်း roise"
    ..      .     ..  .  .
"ကဲ စားကြရအောင် unnie Jiji လာတော့လေ"ဆိုပြီး ချယ် စားပွဲပေါ် မုန့်တွေ တင်ကာ unnie jijiကို ခေါ်လိုက်သည်။ထို့နောက် ကလေးဘေး၌ နေရာယူလိုက်သည်။

"ခဏလေး ယောင်းငယ်ရဲ့ ဒီမှာ အချိုရည် ယူနေလို့"ဆိုပြီး မီးဖိုချောင်ထဲမှ unnie jiji က ပြန်အော်ခဲ့သည်။

"ကလေး ခဏနော် unnie Jijiကို သွားကူလိုက်ဦးမယ်"

"ခဏ roise jen unnie Jijiကို သွားကူပေးလိုက်မယ် roiseက ထိုင်နေ"ဆိုပြီး ချယ် မထခင် jenကေ ပြာခဲ့တာကြောင့် ချယ်လည်း ထိုင်နေလိုက်သည်။ jenကတော့ unnieကို ကူဖို့ ထသွားသည်။

Mommy rose'(Completed) Where stories live. Discover now