Part _5

22.1K 801 79
                                    

📻ကျွန်မရဲ့ ရေဒီယို📻
~~~~~~~~~~~~~~~~~
Part _5

မေမေအိပ်သွားတဲ့အချိန်ဖေဖေကသူ့အခန်းတံခါးကိုလာခေါက်ကာ စာကြည့်ခန်းလာဖို့ပြောပါတယ်.....

သူလည်း စာကြည့်မျက်မှန်ချွတ်ကာ ဖေဖေနောက်လိုက်သွားလိုက်သည်.....

"မနက်ဖြန် နီလာစိမ်း နဲ့ ချိန်းပေးထားတယ် ထမင်းအတူစားကြ"

"ဗျာ"

"မင်းအတွက်အသင့်တော်ဆုံးက နီလာစိမ်းဘဲ ဆက်"

ဖေဖေစကားကို ဘာမှမတုံ့ပြန်ဘဲ သူငြိမ်သက်နေလိုက်သည်......

"မင်းအမေစကားနားထောင်စရာမလိုဘူး သူပြောလာရင် ငြင်းလိုက် နီလာစိမ်းကိုဘဲကြိုက်တယ်ပြောလိုက်"

"အိမ်ထောင်မှမပြုချင်သေးတာ ဖေဖေရဲ့"

"ဒီအရွယ်ကအသင့်တော်ဆုံးဘဲ အိမ်ထောင်ပြုဖို့ နီလာစိမ်းနဲ့ယူပြီး နိုင်ငံခြားမှာ နှစ်ယောက်သား ပါရဂူဘွဲ့ဆက်ယူကြ"

ဖေဖေကအကုန်စီစဥ်ပေးနေကာသူ့မှာဘယ်လိုငြင်းရမလဲမသိ......

"ချိန်းထားပြီးသားဆိုတော့ ငါ့မျက်နှာမပျက်စေနဲ့နော် ဆက်ကောင်းယံ"

မွေးသဖခင်ကတစ်မျိုး မွေးသမိခင်ကတစ်မျိုးသူ့မှာ ကြားကနေသူ့မှာ စိတ်ညစ်ရပါတော့သည်.......
သူတကယ် အိမ်ထောင်မှမပြုချင်သေးတာ နီလာစိမ်းဆိုတာကလည်း လုပ်ဖော်ကိုင်ဖက်အဆင့် ပြီးတော့ မေမေရွေးပေးတဲ့ မယ်မင်းဆိုတာကလည်း ကိုယ့်ထက်အသက် ၇နှစ်လောက်ငယ်ယ်တဲ့အပြင် သိယုံသိကြတဲ့မိတ်ဆွေတွေလေ ဘယ်လိုလုပ်အိမ်ထောင်ဖက်ဖြစ်နိုင်မှာလဲ..

ဒီလိုဆိုရင်ရောသူနဲ့သင့်တော်တဲ့ သူသဘောကျတဲ့ အိမ်ထောင်ဖက်ရှိလားဆိုတော့ လည်း အဲ့လိုလားမရှိပါ တုံးအတယ်လည်းမဟုတ်ပါ ခေတ်မမှီဘူးဆိုဆိုအသက်၂၈နှစ်သာရှိတော့မယ်ရည်းစားလည်းတစ်ခါမှမထားခဲ့ ကျောင်းသားဘဝကလည်းကျောင်းသားဘဝမို့ မထားဖြစ်ခဲ့ Uni lifeကျတော့လည်းဆေးစာတွေနဲ့လုံးပန်းရင်းမထားဖြစ်ခဲ့..လုပ်ငန်းခွင်ဝင်တော့လည်း ဆရာဝန်အလုပ်ပြေးလုပ်လိုက် ဖေဖေက ဆေးကုတဲ့အလုပ်ပဲလုပ်တာမို့ မိသားစုပိုင် လုပ်ငန်းအချို့လည်း သူပဲပြေးပြေးပီးလုပ်ရတာမို့ မအားလပ် ဘဝကို ဒီလိုဖြတ်သန်းခဲ့တော့ အခု တော့ အိမ်ထောင်ဖက်က မိဘတွေရွေးပေးမှ ယူရတဲ့ဘဝဖြစ်နေတဲ့ ကိုယ့်ကိုလည်း ရယ်ချင်မိသည်...
_
_
_
_
သူငယ်ချင်းမကတော့ သူ့ဘဲနဲ့ ခရီးထွက်သွားတာမို့ လွင်လေးငယ်တစ်ယောက်တည်းအဖော်မဲ့နေပြန်သည်.....

ကျွန်မရဲ့ ရေဒီယိုWhere stories live. Discover now