Part _ 8

22.6K 851 20
                                    

📻ကျွန်မရဲ့ ရေဒီယို📻
~~~~~~~~~~~~~~~~~~
Part _ 8

ည၁၂နာရီ​ကျော်လာတော့ ပိုပိုကအတင်းပြန်ခိုင်းနေတာမို့ ငယ်မှာအိမ်ပြန်လာခဲ့ရသည်...
ဟိုလူကြီး တစ်နည်းအားဖြင့် ငယ့်အမျိုးတစ်ဖြစ်ဒေါက်တာကြီးက သူ့လူနာ စိတ်ချရတဲ့အချိန်ထိအနားမှာနေရမယ်တဲ့ ငယ်ကို ဟိုတယ်ပြန်နားနှင့်ပါတဲ့.....
အားလုံးက ငယ်ပင်ပန်းနေမှန်းသိလို့ နားခိုင်းနေတာမို့ ငယ်လည်းဘာမှဆက်မပြောတော့ဘဲ အသစ်စက်စက်ခင်ပွန်းလောင်းကြီးစီစဥ်ပေးတဲ့ ကားနဲ့ ဟိုတယ်ကိုပြန်နားလိုက်ရတော့သည်....

မင်္ဂလာဦးညတဲ့ ဟိုတယ်ခန်းထဲတစ်ယောက်တည်း ယောင်တောင်တောင်နဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းမသိတော့ပါ.....
_
_
_
_
_
မနက်၉နာရီလောက်မှ ဒီပါအခြေအနေကစိတ်ချရပီဆိုတော့မှ သူလည်း နားဖို့ ထွက်လာလိုက်သည်...ကားက အိမ်ရှိရာကို ဦးတည်နေပြီးကာမှ ဟိုတယ်မှာ မယ်မင်းရှိနေတာကို သတိရသွားကာ ကားကိုပြန်ကွေ့ကာ ဟိုတယ်ရှိရာသို့.....

Receptionမှာသော့အပိုတောင်းလို့ရပေမယ့် ဘဲလ်တီးပြီးဝင်လိုက်တာပိုအဆင်ပြေမယ်ထင်တာကြောင့် ဘဲလ်တီးလိုက်လေသည်....

*တင်းတောင်*
*တင်းတောင်*
*တင်းတောင်*

ဘဲလ်တီးတာ ၇ချက်မြှောက်မှ တံခါးကပွင့်လာကာ ကြည့်လိုက်တော့ မယ်မင်းကြီးမလေးက အခုမှ အိပ်ယာကနိုးလာဟန်ဆံပင်ဆုတ်ဖွား သွားရည်စီးကြောင်းကမေးစေ့ထောင့်မှာလက်တစ်စုံကမျက်စိကိုပွတ်နေလေသည်.....

၁၀နာရီထိအိပ်နေရလား ဆူချင်ပါသော်လည်းမနေ့ကအတော်ပင်ပန်းထားပုံရတာမို့ မဆူတော့ပဲ သူလည်းအထဲဝင်လာလိုက်သည်.....

"ကိုဒီပါ သက်သာသွားပီလား"

"အင်း စိတ်ချသွားရပီ ငါရေချိုးလိုက်အုံးမယ် "

"ငယ်ကအိပ်ရေးမဝသေးဘူး ပြန်အိပ်အုံးမယ်"

တကယ်လည်း ငယ်ကအိပ်ရေးမဝသေးတာပါ ညကတစ်ယောက်တည်း ယောင်တောင်ပေါင်တောင်နဲ့ ကုတင်ကျယ်ကြီးထက်ဟိုလှိမ့်ဒီလှိမ့်နဲ့ မနက်၄နာရီထိုးမှ အိပ်ပျော်သွားတာဖြစ်သည်.....

ကုတင်ထက်ဆီ ခြေလှမ်းဖို့ကို ပျင်းနေတာမို့ နီးစပ်ရာက ဆိုဖာ အရှည်ပေါ်ကိုသာ လှဲအိပ်ပစ်လိုက်တော့သည်.......
_
_
_
_
_
_
ဆက်ကောင်းယံ ရေချိုးပြီးထွက်လာချိန် ကုတင်ပေါ်ကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာမယ်မင်းရှိမနေပဲ ဆိုဖာဘက်ကိုကြည့်လိုက်တော့ ဆိုဖာရှည်ပေါ်ကွေးကွေးလေးအိပ်နေတဲ့ မယ်မင်းကြောင့် သူ့မျက်ခုံးအစုံဟာ စုကျုံ့သွားလေတော့သည်.....
ဘာလဲ အခုမယ်မင်းက သူနဲ့တစ်ကုတည်းမအိပ်ချင်လို့ သပ်သပ်ခွဲအိပ်တာလား...
ကုတင်က အိပ်ယာခင်းက ကြေနေပုံထောက်ရင်ညက အခုနကထိ ကုတင်ပေါ်မှာ အိပ်နေပုံပါ....

ကျွန်မရဲ့ ရေဒီယိုWhere stories live. Discover now