Part _46

34.3K 1K 40
                                    

📻ကျွန်မရဲ့ ရေဒီယို📻
~~~~~~~~~~~~~~~~~~
Part _46

"ဖေဖေပြောတာသမီး နားလည်ပါတယ်နော် "

"ငယ် ကိုကိုယံကို ပြောကြည့်ပါမယ် ဖေဖေ"

"ပြောကြည့်ရမှာမဟုတ်ဘူး သမီး နားချကိုချရမယ် ဒါကိုသူလုပ်သင့်တာကြာနေပြီ "

"ငယ်သိပါတယ် ဖေဖေ"

"ဖေဖေလက်နဲ့ရေးတာကို ဒီကောင်ဖျက်တာ ၂ခါရှိနေပြီ သူ့ရွယ်တူတွေအားလုံး ဘွဲ့ယူပြီးပြန်လာကြပြီ"

ဖေဖေစကားကြောင့် ငယ်သက်ပြင်းလေးခိုးချလိုက်လေသည်....

"အဖေပိုင်တဲ့ဆေးရုံဆိုပြီး လက်လွှဲတာကမခက်ပေမယ့် သူ့လက်အောက်မှာရှိနေတဲ့လူတွေထက် မလျော့တဲ့ ပညာအရည်အချင်းရှိမှ အုပ်ချုပ်လို့အဆင်ပြေမှာ"

"ဟုတ်ကဲ့ ဖေဖေ"

"ပထမတစ်ခါကလည်းသွားဖို့က မိန်းမယူသွားတယ်.... နောက်တစ်ခါသွားဖို့လုပ်တော့လည်းသမီးတို့လူငယ်တွေကိစ္စပြဿနာတက်ပြီး မသွားဖြစ်ပြန်ဘူး  ဒီတစ်ခါတော့သေချာပေါက်သွားကိုသွားမှဖြစ်မယ် အသက်ကမငယ်တော့ဘူး "

ဆိုလိုရင်းကတော့ နှစ်ခါလုံးက ငယ့်ကြောင့် မသွားဖြစ်တာမို့ ဒီတစ်ခါတော့ ဘာပြဿနာမှမလုပ်ဘဲ ကျောင်းပြီးအောင်သွားတက်စေချင်တဲ့သဘော....

"နားချကြည့်ပါ သမီး မိဘပြောတော့တစ်လ မယားပြောတစ်ည တဲ့ စကားပုံတောင်ရှိသေးတာပဲ မနက်ဖြန်ပိတ်ရက် ဒီအိမ်မှာနှစ်ယောက်ထမင်းလာစားကြ အဖေသူ့ကိုကျောင်းသွားတက်ဖို့ကိစ္စပြောလိုက်မယ် ကျန်တာတော့ သမီးနားချကြည့်ပေါ့"

"ဟုတ်ကဲ့ပါ ဖေဖေ ငယ်တို့လာခဲ့ပါမယ်"
_
_
_
_
_
ဟိုဖက်အိမ်ကပြန်လာပြီး ငယ့်မှာ Dress to storyကိုတောင် မသွားနိုင်ဘဲ  မခိုင်ကိုသာ လိုတာတွေဖုန်းဆက်လိုက်ပြီး အခန်းတွင်းအောင်းပြီး ဖေဖေပြောတဲ့အကြောင်းကိုစဥ်းစားနေမိတာ ညနေတောင်စောင်းသွားလေသည်...
ကိုကိုယံက ငယ်မလိုက်ရင် သွားမှာလည်းမဟုတ်သလို ငယ့်မှာလည်း အခုမှ နာမည်ရခါစ Storyလေးကို ထားရစ်ခဲ့ဖို့က နှမြောမိနေလေသည်......
သက်ပြင်းတွေအထပ်ထပ်ချနေမိတာဘယ်နှစ်ခါမှန်းမသိတော့ပါ.....

ကျွန်မရဲ့ ရေဒီယိုWhere stories live. Discover now