Part _15

23.8K 932 54
                                    

📻ကျွန်မရဲ့ ရေဒီယို📻
~~~~~~~~~~~~~~~~
Part_15

"ကဲ ပြော ဘာတွေရှုပ်ထားတာလဲမယ်မင်း"

"ကိုကိုယံနော် ငယ်ကဘာတွေရှုပ်ရမှာလည်း စကားပြောတာ မလွန်နဲ့"

"ငါကလွန်တယ်ဟုတ်လား မယ်မင်း သင်တန်းအရှေ့ကြီးလူမြင်ကွင်းရှေ့ ဆွဲလားရမ်းလားဖြစ်နေကြတာဘယ်သူလည်း"

"ဒါကတော့ သူလာဆွဲတာလေ ငယ်ကဆွဲပါဆွဲပါပြောနေလို့လား"

"အဆွဲမခံရအောင် မင်းကနေလေ မင်းကအိမ်ထောင်သည်နော်မယ်မင်း"

"အမယ်လေး သိပါတယ် ကိုကိုယံမိန်းမလို့တကြော်ကြော်မအော်နဲ့နော်သိတယ် မိုးကျော်ကိုလည်း ငါကအိမ်ထောင်သည်လို့ ပြောနေတာ ပြောနေရင်း ဒီကောင်က ပိုဆိုးလာတာ"

"တော်တော်အတင့်ရဲတဲ့အကောင် ဘယ်ကကောင်လည်း"

"ငယ်တို့ကျောင်းနေဖက်  ငယ့်ကိုကြိုက်နေတာ ကြာပီ"

"မင်းကရော"

"သူနဲ့မကြိုက်နေလို့ ကိုကိုယံနဲ့ညားတာလေ ဒါလေးတောင်မသိဘူးလား"

"အခုသူက မင်းတို့သင်တန်းကလား"

"မဟုတ်ပါဘူး ဘယ်ကဘယ်လို ဒီကောင်ကပေါ်လာလည်းမသိတာ"

"သင်တန်းမှာဒီကောင်ရှိနေရင်တော့ တစ်ခါတည်းအဲ့သင်တန်းကထွက်ဖို့ပြင်ထား"

"ထွက်စရာလား သူလည်းရှိမနေပါဘူး ရှိနေလည်း ငယ်က ကိုယ့်butterflyကိုယ်လုံတယ် ထွက်စရာကိုမလိုတာ"

"အေး အနေအထိုင်ကြည့်ကြပ်နေ နောက်တစ်ခါဆို အဲ့ကောင်ခေါင်းအကွဲပဲ"

"အမယ်လေး ဆရာဝန်ကြီးက လူသတ်မယ့်အကြောင်းကြီးပြောနေပါလား"

"ဟာ့ ဒါကတော့ဒီ​ကောင်ကငါ့မိန်းမကို လာ...."

ဆက်ကောင်းယံ ပြောနေရင်းမှ မယ်မင်းရဲ့ပြုံးစိစိမျက်နှာကြီးကြောင့် ငြိမ်သက်သွားကာစကားကိုရပ်တန့်လိုက်လေသည်....

"ငါ့မိန်းမကို ဘာဖြစ်လဲ ဆက်ပြောလေ ကိုကို"

"ငါရေသွားချိုးတော့မယ် "

ကြည့် စကားကိုအစ်အောက်ပြီးမေးမလို့ဟာကို ရေချိုးမယ်ဆိုပြီးရှောင်ထွက်သွားတာ လစ်ခနဲ.....
_
_
_
_
_
ထမင်းစားနေတုန်း ကိုကိုယံနဖူးကို သေချာကြည့်တော့ ဘာမှတော့မဖြစ် ပထမတစ်ခါဟန်းနီးမွန်းတုန်းကလည်း သဲတွေကိုခြေထောက်နဲ့ကန်တယ် အခုတစ်ခါလည်း လက်သီးမသုံးဘဲ ခေါင်းကိုသုံးပြန်တယ် မထိုးတတ်တာလားကိိုကိုယံက.....

ကျွန်မရဲ့ ရေဒီယိုWhere stories live. Discover now