Part _33

41.2K 1K 44
                                    

📻ကျွန်မရဲ့ ရေဒီယို📻
~~~~~~~~~~~~~~~~~
Part_33

လက်ဆောင်ဘူးကိုဖြေကာ ထိုအဝါရောင်boxerကိုကြည့်ပြီးသူ့မှာရယ်ရအခက်ငိုရအခက် ဒီကလေးမလေးတော့ သူ့ကို လုပ်ချသွားပြန်ပြီဆိုပြီး လက်သီးဆုပ်အပေါ်နဖူးတင်ကာပခုံးတွေလှုပ်တဲ့အထိရယ်မောနေမိသည်.....

ထိုနောက်ဖုန်းကိုထုတ်ကာ Message တစ်စောင်ရိုက်ကာပို့လိုက်လေသည်...

"ငယ်လေး လက်ဆောင်ကိုပေးပီးပျောက်သွားလို့မရဘူးလေ ဘယ်လိုအသုံးချလည်းဆိုတာ ပြချင်တာမို့ နာရီဝက်အတွင်း ကိုကိုဆီလာခဲ့"

ငယ်တစ်ယောက်ကတော့ ကိုကိုယံရဲ့ Messageကိုကြည့်ကာ လူက ကတုန်ကယင်တောင်ဖြစ်လာသည်...လျှာရှည်ပြီးဒီလက်ဆောင်ပေးရင် ကိုကိုယံက ကဲလာမှာကို မထည့်တွက်မိဘဲ အခုတော့ ဟိုလူကြီးကစိန်ခေါ်နေပြီ သွားရင်တော့ ဒီည မချောင်ဘူးဆိုတာလည်းသိတယ် ဒါပေမယ့် ငယ်ဒီညမဟုတ်လည်း မနက်ဖြန်ကိုကိုမွေးနေ့မို့ အဲ့အိမ်မှာလာနေမယ်ကတိပေးထားတာမို့ သွားရမယ့်အတူတူ ဒီည ၁၂နာရီ ကိုကိုbirthdayမှာ အမှတ်တရလေးဖြစ်သွားရင် ပိုကောင်းမယ်ဆိုတာလည်း ယုံကြည်နေမိသည်....

နာရီဝက်ကျော်သွားတာတောင် ငယ်လေးကရောက်မလာတော့ သူစိတ်ညစ်သွားမိသည်....ငယ်လေးကစာပို့ထားတာမမြင်တာလည်းမဟုတ် seenပြသွားတာသေချာရဲ့နဲ့ ဘာလို့မလာတာလည်း....ငယ်လေးမလာရင် သူသွားရမှာပေါ့.......

သွားမလို့ လုပ်နေတုန်း ငယ်လေးဆီက စာဝင်လာလေသည်....

*ငယ် ပင်ပန်းလို့ အိပ်တော့မယ်*ဆိုတဲ့ စာသားလေးက သူ့ရင်ကို ဟာသွားတာများ ဧ၀ရတ်တောင်ထိပ်ကနေ တောင်ခြေကို ပစ်စလက်ခတ်ကျသွားသလိုမျိုးဖြစ်သွားသည်....

သူကငယ်လေးပေးတဲ့ လက်ဆောင်ကိုဝတ်ထားကာ အပေါ်က Barhrobeကြီးဝတ်ထားတဲ့သူ့ပုံက မှန်ထဲဝယ် လှောင်နေသလိုကြီး...
ရေချိုးထားပြီးခါစ နဖူးပေါ်ဝေ့ဝဲကာ ကျနေတဲ့ဆံပင်တွေကို အလိုမကျသလို အပေါ်လှန်တင်လိုက်ကာ မျက်မှောင်ကြီးကျုံထားကာ ခင်းအိပ်နေကျ ဒရင်းဘတ်ကိုပဲဆူဆူအောင့်အောင့်ခင်းကာခြေပစ်လက်ပစ်အိပ်စက်ဖို့လုပ်နေတုန်း.....

ကျွန်မရဲ့ ရေဒီယိုNơi câu chuyện tồn tại. Hãy khám phá bây giờ