You could carry me(Unicode)
အန်ကယ်လီက နောက်နေ့တွင်ပြန်ရောက်လာသည်။ သူ့အိမ်ကိစ္စများကို ဖြေရှင်းပြီးကြောင်း လုယွင်ဖေးမေးလိုက်သည့်အခါ အန်ကယ်လီက ခပ်ပြုံးပြုံးဖြင့် အကုန်အဆင်ပြေသွား၍ စိတ်ပူစရာမလိုကြောင်း ပြန်ဖြေသည်။ ထို့နောက် လုယွင်ဖေးက သူ့ကို ပျမ်းကျင်းယွမ်အကြောင်း ပြောပြလိုက်သည်။ သူ့ဒရိုင်ဘာအနေဖြင့် အန်ကယ်လီက ဘာမှသိပ်သဘောမှရှိပုံမရပေ။ “ဒါဆိုရင် ဉီးလေး ရှောင်းပျမ်းကို အိမ်ပြန်ပို့ပေးမယ်”
“အိုကေ”
လုမိသားစုကလည်း သူ့အတန်းဖော်က သူ့ကိုစာသင်ပေးမည်ကို သဘောတူကြသည်။ “ဒါပေမဲ့ သား ဂိုက်နှစ်ယောက်တောင် ထားမလို့လား။ ဆရာဝမ်ကို ဆက်ထားဉီးမှာလား”
လုယွင်ဖေး ခဏတွေးဆလိုက်ပြီး စိတ်မကောင်းစွာပြောလိုက်သည်။ “ဒါဆိုရင် ဆရာဝမ်ကို လက်လွှတ်လိုက်ရတော့မှာပဲ”
“ကောင်းပြီ။ အမေ ပြီးရင် အကျိုးအကြောင်းပြောပြလိုက်မယ်လေ”
“သူက ဂိုက်ဆရာကောင်းပါ။ သူ့ဘက်က တာဝန်ပျက်ကွက်တာမရှိဘူး။ ကျွန်တော်ကစိတ်ပျက်စရာကောင်းတာ” လုယွင်ဖေး ဂိုက်ဆရာဝမ်ကို ချီးမွမ်းစကားဆိုမိသည်။ “အဲ့ဒါကြောင့်မလို့ မား သူ့ကို ချိုချိုသာသာပြောလိုက်ပါ။ ပြီးတော့ လျော်ကြေးလည်း ခပ်များများပေးလိုက်ရင်ကောင်းမယ်”
“ပေးမှာပါ” အမေလုက ပြုံးသည်။ “မင်းကိုယ်မင်းစိတ်ပျက်ဖို့ကောင်းတယ်လို့ ဝန်ခံထားတော့ ဒီတစ်ယောက်က ထူးခြားတာပေါ့”
“ကျွန်တော်က အမှန်အတိုင်းပြောနေတာပါ” လုယွင်ဖေးက ဆိုလိုက်သည်။ “အမှတ်တွေမကောင်းလို့လို့ ဘယ်ပြောလို့ရမလဲ။ တစ်အားကြီး လုပ်ပြောသလိုဖြစ်နေမှာပေါ့”
အမေလုက လိမ္မော်သီးခွာရင်း ပြောလိုက်သည်။ “အိုး မင်းက တော်ပါတယ်။ မင်းအင်္ဂလိပ်စာကပဲ တစ်ချို့အကြောင်းတွေကြောင့်ဒီလိုဖြစ်နေတာပါ။ ဒီလိုဖြစ်မှန်းသာငါသိရင် ငါမင်းကို ကိုယ်ဝန်ရှိတုန်းက မင်းနားထောင်ဖို့ အင်္ဂလိပ်သတင်းတွေပိုဖွင့်ပါတယ်”

YOU ARE READING
တီမောလ်ဂျင်းနီ (Completed)
Romanceမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras