ES(1)Enjoy❣️

251 27 3
                                    


Endless Summer

"စီနီယာကို ကျွန်တော်သဘောကျတယ်"

မျက်မှန်အ၀ိုင်းလေးကိုတပ်ထားပြီး အပြာရောင်ကျောင်း၀တ်စုံလေးနဲ့Kyungsooက Chanyeolဆိုတဲ့စီနီယာကိုမနှစ်ကတည်းက သဘောကျနေခဲ့တာကြောင့် ဒီနှစ်တော့အရဲစွန့်ဖွင့်ပြောလိုက်မိတယ်

"၀ါး Chanyeolမင်းက ကောင်မလေးတွေပဲစွံတယ်မှတ်နေတာ ကောင်လေးတွေပါစွံနေတာကို"

"ဒါကိုယ့်ကိုပေးတဲ့လက်ဆောင်လား"

ခေါင်းလေးကိုမ၀ံ့မရဲငြိမ့်လိုက်ရင်းသူပြင်ဆင်လာတဲ့Handmade ချောကလက်ဗူးလေးကိုchanyeolကယူလိုက်ရင်း

"ချစ်စရာလေးပဲ လုပ်ထားတဲ့ချောကလက်တွေက.. ဒီချောကလက်လူရုပ်လေးကကိုယ်လား"

"ဟုတ်"

"ကျေးဇူးပဲနော် ကိုယ်စားလိုက်ပါမယ်"

စီနီယာChanyeolက အဲ့လိုပဲလူတိုင်းကိုကြင်နာတတ်သည်

နောက်ဆုံးနှစ်အထက်တန်းကျောင်းသားလေးchanyeolကကျောင်းသားခေါင်းဆောင်လည်းဖြစ် စာလည်းတော်အားကစားမှာလည်းတော်နေပြန်သည် အရာအရာပြည့်စုံနေတဲ့chanyeolကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးပေါ့

Kyungsooအတွက်သဘောကျတယ်ဆိုတဲ့စကားကသိပ်ကိုခက်ခဲတဲ့စကားပါ နောက်ဆုံးနှစ်ဖြစ်သွားပီဖြစ်တဲ့စီနီယာကို သူခွဲရတော့မာကြောင့် သူဖွင့်ပြောလိုက်မိတာပါ

"Kyungsoo မင်းစီနီယာchanyeolကိုသွားဖွင့်ပြောတယ်ဆို"

"မင်းကဘယ်လိုသိတာလဲ Baekhyun"

"တစ်ကျောင်းလုံးပွထနေတဲ့ကိတ်စကို"

"တစ်ကျောင်းလုံး!!!"

မျက်မှန်ကိုင်းလေးကိုလက်နဲ့ပင့်တင့်လိုက်ရင်းသူအော်လိုက်မိသည်

"ဖြေးဖြေးအော်ပါ လန့်လိုက်တာ "

"အဲ့တာမင်းကြောင့်Baekhyun ငါဒီမှာရှက်လို့သေတော့မယ်"

"ငါကမင်းအတည်ပြောလိမ့်မယ်လို့ဘယ်ထင်ပါ့မလဲ"

"မင်း​ကြောင့် မင်းကြောင့်!!!

ထုရိုက်ခံနေရတဲ့Baekhyunကတော့အော်ရုံကလွဲပြန်မလုပ်ပေ

"Kyungsoo ငါကြားလာတဲ့သတင်းကအမှန်ပဲလား"

Endless Summer🌞(Completed)Where stories live. Discover now