ES(8)sweet❣️

102 14 0
                                    

"Kyung စားရတာအဆင်ပြေရဲ့လား"

"ဟုတ်ပြေတယ်"

"စိမ်းကားလိူက်တာ ဘာလို့ကိုယ့်ကိုတစ်လေးတစ်စားကြီးဖြေနေရတာလဲ "

စိတ်ကောက်ချင်ယောင်ဆောင်လိုက်တော့ Kyungsooတစ်ယောက်ပြာယာခတ်နေပြီလေ

"မစိမ်းကားရပါဖူး ကျွန်တော်ကျင့်သားမရသေးလိူ့ပါ"

ရှက်ရှက်လေးနဲ့ပြောနေပုံလေးကအူးယားဖို့ကောင်းနေတာကြောင့် Chanyeolစချင်လာသည်

"ကျင့်သားရအောင် အမြဲနမ်းပေးနေမှနဲ့တူတယ်နော်"

နားနားကပ်ပြောလိုက်တော့ရှက်ကိုးရှက်ကန်းလေးနဲ့သူ့အားတွန်းထုတ်နေသည်

"ဟာစီနီယာနော်"

"ဒါနဲ့ငါလည်းရှိနေတယ်ဆိုတာသတ်ိထားကြပါအုံး"

Baekhyunဘေးကနှစ်ယောက်ကိုကြည့်ရင်းအန်ချင်လာသည် အရမ်းတွေအကဲပိုနေတယ်မဟုတ်လား အကြည်ဆိုက်ရင်း သူရှိနေတယ်ဆိုတာမသိကြတော့ဖူးလေ

"ဆောရီးဆောရီးမေ့သွားတယ်"

"ကောင်းတယ်သိလား Kyungsoo ပလစ်နေလိုက်"

"စိတ်မဆိုးပါနဲ့ကွာ ငါမုန့်၀ယ်ကျွေးပါမယ်"

"တကယ်နော်"

"ဒါပေါ့"

___________

၃ပတ်လောက်ကြာတော့စာမေးပွဲကနီးလာတာကြောင့်စီနီယာနဲ့သူ ခဏတာ ခွဲနေနေရသည်

အမြဲတွေ့နေကြရင်းရုတ်တရက် ခွဲခွာလိုက်ရတော့ Kyungsooလွမ်းလွန်းလို့ရူးချင်သလိုဖြစ်နေသည်

"လွမ်းလိုက်တာ"

မကြာပါဖူး မက်ဆေ့ကနေစာပို့သံကြောင့်သူချက်ချင်းပျော်သွားသည်

💌ကိုယ် Kyungအိမ်ရှေ့မှာ အောက်ဆင်းခဲ့ပါလား💌

အပြေးလွှားလေးစီနီယာဆီသူသွားနေမိသည် အနားရောက်သည်နှင့်ပြေးဖက်မိသည်

"ကျွန်တော်အရမ်းလွမ်းနေတာ"

"ကိုယ်ရောပဲ..... ပေးစရာရှိတယ်"

ဖက်ထားရာကနေခွာလိုက်ပြီးစီနီယာကားပေါ်ကနေယူပေးနေတဲ့မုန့်တွေကိုကြည့်နေမိသည်

Endless Summer🌞(Completed)Opowieści tętniące życiem. Odkryj je teraz