ES(6)Love❣️

109 16 0
                                    


"စီနီယာChanyeolက ပျောက်ချက်သာကောင်းလှချည်လား"

"Omm"

သူ၀မ်းနည်းစွာ Ommလို့သာဖြေမိသည် အဲ့နေ့ကလည်း သူအမှားမလုပ်မိပါဖူး ဘာလို့စီနီယာကသူ့က်ိုလာမတွေ့ရတာလဲ

"၀မ်းနည်းမနေပါနဲ့ သူ့မှာလည်း ကိစ္စရှိလို့နေမာပေါ့)

"ငါ့ဘက်က သွားရှာသင့်လား"

"စောင့်ကြည့်လိုက်ပါအုံး"

စီနီယာ့မှာ လက်ထပ်ရမဲ့သတို့သမီးရှိနေတဲ့အကြောင်းကိုတော့Baekhyunကိုသူမပြောပြမ်ိ ပြောပြလိုက်ရင် Baekhyunအကြောင်းသူသိသည်

သူစောင့်ကြည့်နေတာ တစ်ပတ်တောင်ရှိခဲ့ပြီ

ပိတ်ရက်တောင်ပြန်ရောက်လာခဲ့ပြီလေ စီနီယာနဲ့ကစားကွင်းသွားခဲ့ရတာ မနေ့တစ်နေ့ကလိုပင်

_________

လွန်ခဲ့သောတစ်ပတ်က

"သား ဆိုယွန်းပြောတာအမှန်ပဲလား သားကောင်လေးတစ်ယောက်နဲ့သာမန်ထက်ပိုပက်သက်နေတယ်ဆိုတာ"

ဆိုယွန်းက Kyungsooနဲ့ပျော်ပြီးပြန်လာတဲ့အချိန်အိမ်မှာအဖေ့အားအကြောင်းစုံပြောပြထားတယ်ထင်ပါတယ် အိမ်ထဲ၀င်ခါစနှင့်သာလှမ်းမေးနေသည်

"သူငယ်ချင်းတွေပါ"

"Chanyeol ငါယုံမယ်ထင်နေတာလား"

"ဆိုယွန်း ငါတို့ကိတ်စမှာ ဘာလို့အဖေ့ကိုဆွဲထည့်နေရတာလဲ"

"ဆွဲထည့်တယ်လို့ပြောရအောင် ငါပြောပြတာတွေကမှားနေလို့လား"

သူစိတ်တွေမွန်းကြပ်လာတဲ့အဆုံး

"အဖေ သားဆိုယွန်းနဲ့ လက်မထပ်နိုင်တော့ဖူး "

သူ့စကားကိုကြားသည်နှင့်ဆိုယွန်းက
သူ့လက်ကိုလှမ်းဆွဲလိုက်ရင်း

"နင်အဲ့လိုလုပ်လို့မရဖူး ငါ့ကိုနင်အဲ့လိုလုပ်လို့မရဖူးလေ"

"ငါ့ကျောက်ကပ်တစ်ခြမ်းကိုနင့်ကိုပြန်ပေးမယ် နင်ယူလိုက် ငါ့အမေကိုနင်ပေးခဲ့တဲ့ကျောက်ကပ်တစ်ခြမ်း နင်ငါ့ဆီကပြန်ယူ"

"ယူချင်တိုင်းပြန်ယူလို့မှမရတာ နင်ကတိပေးထားပြီးသားလေ ငါ့ကိုပဲလက်ထပ်မယ်လို့"

Endless Summer🌞(Completed)जहाँ कहानियाँ रहती हैं। अभी खोजें