ES(2)Happy❣️

146 16 2
                                    


သူဖွင့်ပြောပြီးကတည်းက ကျောင်းသူကျောင်းသားတွေကကွက်ကြည့်ကွက်ကြည့် ပြုံးစိစိနှင့်သာ

"ဘာလဲကွာ "

သူစိတ်ညစ်စွာညီးတွားလိုက်သည်

"Kyungsoo ဟို....ဟိုလေ"

သူ့ဆီပြေးလာပြီး မောမောနဲ့ပြောနေတဲ့Baekhyunစကားကရှေ့မရောက် လူကရင်တုန်နေမိပြီ

"ဘာလဲ ဘာဖြစ်လို့လဲ မြန်မြန်ပြောစမ်းပါ"

"စီနီယာက....

"ဘာဖြစ်လဲ စီနီယာကဘာဖြစ်တာလဲ"

"မင်းကို ရှာနေတယ်"

"ငါ့ကို"

"ဘာလို့ဒီလောက်နောက်ကျနေတာလဲ"

"အိမ်မှာနည်းနည်းအလုပ်ရှုပ်နေလို့ ထားပါ ငါတို့မြန်မြန်သွားရအောင်"

Baekhyunလက်ကိုဆွဲရင်းသူပြေးနေမိသည် စိတ်လှုပ်ရှားမှုကလည်း ပြေးနှုန်းတက်ပို၍မြန်ဆန်နေသည်

"မောပါတယ်ဆို ထပ်ပြေးခိူင်းရလား အရူးကောင်ရဲ့"

"ဆောရီး စိတ်လှုပ်ရှားနေတာနဲ့"

အခန်း၀မှာသူ့ကိုစောင့်နေသည့်စီနီယာ.. ကျောပေးထားတာတောင် စီနီယာရဲ့ ချောမောမှုကိုအတိုင်းတာ မြင်နေရသည်

"စီနီယာ"

သူရင်ခုန်စွာနဲ့လှမ်းခေါ်လိုက်မိသည်

"Kyungsoo"

"ဘာပြောစရာရှိလို့လဲ"

"အစ်ကိုနဲ့ခဏလောက်စကားပြောလို့ရမလား"

"ဟုတ်ရပါတယ်"

အခန်းထဲကလူတွေကသူ့ကိုကြည့်ပြီးဖိုက်တင်းလုပ်ပြနေကြသည် စီနီယာကသူတို့ကိုကျောပေးထားတာကြောင့်မတွေ့

ဘေးချင်ယုဥ်ရပ်ပြီးလမ်းလျှောက်စွာသွားနေရတာနဲ့တင် သူရင်တုန်ပမ်းတုန်းဖြစ်နေမိသည် သူဒီလောက်ထိ စီနီယာနဲ့မနီးကပ်ဖူးဘူးလေ

"Kyungsoo "

"ဟုတ်ကဲ့ "

ပြောလာမဲ့စကားကိုလမ်းလျှောက်ရင်းနဲ့ သူမျှော်လင့်နေသည်

"ဒီပိတ်ရက် အစ်ကိုနဲ့တစ်နေရာလိုက်ခဲ့ပေးလို့ရမလား"

"...."

Endless Summer🌞(Completed)Where stories live. Discover now