ES(12)Romance👨‍❤️‍👨

92 15 2
                                    


Chanyeol Kyungsooအဖေအလုပ်လုပ်တဲ့ဘဏ်ကိုဘယ်နှစ်ကြိမ်မြောက်မှန်းမသိလာနေမိသည်။

အခုလည်း ဘဏ်ရှေ့မှာ Chanyeolသူ့ကားကိုမှီထားရင်း စောင့်နေမိ၏။

Kyungsooအဖေကသူ့ကိုတွေ့စရာအကြောင်းမရှိကြောင်းနှင့်သူအလုပ်လုပ်တဲ့နေရာထိလိုက်လာရင် ရဲတိုင်မယ်လို့ခြိမ်းခြောက်ထားတာကြောင့် သူဘဏ်ထဲမ၀င်ဘဲ အပြင်ကနေသာစောင့်နေမိသည်။

နာရီတကြည့်ကြည့်နဲ့Chanyeolဟာ နေ့လည်စာထမင်းစားချိန်ရောက်တော့မှာကိုသိတာကြောင့် တစ်ချက်ပြုံးလိုက်၏။

"ဦးလေး ကျွန်တော်ရှင်းပြချင်လို့ ကျွန်တော့်ကိုအခွင့်အရေးပေးပါနော် "

Kyungsooဖေဖေသည် သက်ပြင်းချလိုက်ရင်း အတန်ကြာစဥ်းစားနေ၏ စဥ်းစားပေးတယ်ဆ်ိုတာကလည်း Chanyeolက၁၀ရက်လုံးလုံး၀ီရိယရှိစွာသူ့ကိုလာနှောက်ယုက်နေတာကြောင့်ပါ။

"ကောင်းပြီ ငါတို့စကားပြောကြတာပေါ့"

Chanyeol သဘောကျစွာပြုံးရယ်လိုက်ရင်း Kyungsooအဖေကို ကားပေါ်တက်ဖို့ တံခါးဖွင့်ပေးလိုက်သည်။

စားသောက်ဆိုင်ရောက်တာနဲ့ Chanyeolစကားစရန် ခြေထောက်လေးကို စုစုလေးထားလိုက်ရင်း လက်နှစ်ဖက်ကိုလည်း ပေါင်ပေါ်တင်ထားလိုက်၏။

"ကျွန်တော်Kyungsooတစ်ယောက်တည်းကိုပဲချစ်ခဲ့တာပါ အဲ့မိန်းကလေးက ကျွန်တော်တို့နှစ်ယောက်ကိုအကောက်ကြံခဲ့တာပါ ဦးမယုံရင် ကျွန်တော်ဖုန်းထဲကပုံတွေVdတွေနဲ့သက်သေပြလ်ို့ရပါတယ် ဖေဖေကလည်း Kyungsooနဲ့ကျွန်တော်ကိုသဘောတူပြီးသားပါ အာ့ကြောင့်ကျွန်တော်တို့နှစ်ယောက်ကိုလက်ခံပေးပါဗျ "

ရုတ်တရက်ဆန်စွာ ခုံပေါ်ကနေ အောက်ဆင်းထိုင်လိုက်ရင်းဒူးထောက်လိုက်တာကြောင့် Kyungsooအဖေ ပြာယာခတ်သွား၏။

"ဘာလုပ်တာလဲ ထပါ လူတွေအများကြီးကြည့်နေပြီလေ"

"ဦး ကျွန်တော်တကယ်တောင်းပန်တာပါ ကျွန်တော်တို့ကိုအခွင့်အရေးပေးလို့ရမလား"

Kyungsooအဖေက ခေတ်နောက်ကျနေတဲ့လူတော့မဟုတ်ပေမဲ့ သူ့သားကတစ်ဦးတည်းသောသားဖြစ်နေတာကြောင့် သူ့ဘ၀လေးကိုမိသားစုလေးနဲ့အေးအေးဆေးဆေးလေးနေသွားစေချင်တာ Kaungsooအဖေရဲ့ဆန္ဒပါ။

Endless Summer🌞(Completed)Onde histórias criam vida. Descubra agora