Part 15

9.8K 642 17
                                    

Unicode

ရှပ်အဖြူရောင်လေးကို ဝတ်ဆင်လိုက်ကာ မှန်ရှေ့တွင် ကိုယ့်ဘာသာကို ရပ်ကြည့်နေမိသည်။ ကျောင်းသူတစ်ယောက်နဲ့ သွားမှသိပင်မဲ့ ထိုကျောင်းသူရဲ့ နာမည်တောင် သေချာမသိသေးဘူး။ သူမက လာခေါ်မယ်ဆိုလို့ သွားမခေါ်တော့ဘဲ အိမ်ကနေပါ စောင့်နေလိုက်မည်။ အဲ့တာအကောင်းဆုံးပါဘဲ။

တကယ်ဆို မသွားချင်ဘူး။ ခေါင်းငြိမ့်ပြီးသားလည်း ဖြစ်နေသည်မို့ လုံးဝကို မငြင်းချင်တော့ပေ။ 9နာရီလောက်ကျရင် Ethan ကိုဖုန်းဆက်ခေါ်ပြီး ပြန်လာခဲ့လိုက်ဖို့ဘဲဖြစ်သည်။

နောက်ကနေ ရောက်လာသည့် Jungkook။ မှန်ထက်မှာ Jungkook နဲံ့ Taehyung ကရှေ့ဆင့်နောက်ဆင့်ပေါ်နေသည်။ မြင်လိုက်ရသည့် သူတိုင်း လိုက်ဖက်လိုက်တာဆိုပြီး ပြောမှာအသေအချာ။

လက်လေးကို ညင်သာစွာ ကိုင်လာသည်။ ထို့နောက်တွင်ခပ်နွေးနွေးအနမ်းက လက်ဖမိုးလေးပေါ်တွင် နေရာယူထားသည်။ Taehyung သည် ကြိုက်နှစ်သက်မှုမရှိသော်လည်း ငြင်းဆန်ခြင်းကို မပြုပေ။ ဒါဟာ အမိန့်နာခံခြင်းလိုမျိုးဘဲလား။ Jungkook ၏ နှစ်ခြိုက်လိုခြင်း အပြုံးကိုရသည်။

"လိုက်ပို့ပေးရမလား"

"ရတယ်...ကိုယ့်ဘာသာကိုဘဲ သွားမယ်"

မည်သူနဲ့ သွားမည်လို့တော့ အတိအကျမပြောမိလိုက်ပေ။ မပြောချင်တာ။ Jungkook ရဲ့ စိတ်ကို မခန့်မှန်းတတ်တာမို့ ပြောလိုက်ရင် သူမသွားခိုင်းခဲ့ရင် အလကားတစ်ဖက်ကိုလည်း အားနာရမှာဖြစ်သလို Taehyung ကိုယ်တိုင်လည်း Jungkook ကိုငြိုငြင်မိသွားမှာဆိုးလို့။

"အင်း...စိတ်ချမယ်နော်...10နာရီနောက်ဆုံးဘဲနော်...10နာရီထိုးတာနဲ့ စင်ဒရဲလားလေးလို ကိုယ့်စီပြေးလာခဲ့...ရင်ခွင်ဖွင့်ပြီး အိမ်ပေါက်ဝမှာ ကြိုဆိုပြီး စောင့်နေမှာ"

"ကျွန်တော်က စင်ဒရဲလားလေးမဟုတ်သလို ခင်ဗျားကလည်း နတ်သမီးမယ်မယ်မဟုတ်ဘူး...အရမ်းလည်း စိတ်မကူးပါနဲ့ ကျွန်တော်က လက်တွေ့ဘဲ ကြိုက်တယ်"

Taehyung ရဲ့ စကားကြောင့် Jungkook သည် အသံထွက်သည်အထိ ရယ်လိုက်ပြီး

"ကိုယ်လည်း လက်တွေ့ကြိုက်တာ Lolita"

Dangerous Beautiful Love Pain (Lolita) (Completed) Where stories live. Discover now