Love Pain

7K 483 17
                                    

Unicode

Jungkook လက်ကို နူးညံ့စွာ ကိုင်ထားရင်း နှစ်ယောက်အတူတူ ပန်းခြံထဲတွင် လမ်းလျှောက်နေသည်။

အရာအားလုံး ချစ်ရသူနဲ့။ ကိုယ့်ဘေးနားမှာ သူရှိနေသည် ဆိုသည့်အသိ။ သိပ်ကို ရင်ခုန်စရာကောင်းသည်။

Jungkook သာလျှင် သူ့မိသားစု။ သူကလည်း Jungkook ရဲ့ ချစ်ရတဲ့မိသားစု။

Lolita လို့ခေါ်လိုက်ရင် ရင်ခုန်နေတတ်သလို အချစ်လို့ ခေါ်လိုက်ရင်လည်း နှလုံးသားက အရည်ပျော်ကျမတတ်။

အဲ့လောက်အထိ Taehyung ရဲ့အပေါ်ကို စိုးမိုးနိုင်တာ။ လွှမ်းမိုးနိုင်တာ။

"ရေခဲမုန့်စားချင်တယ်"

"ချောင်းတွေ ဆိုးပါ့မလား"

"ကျွန်တော်စားချင်တယ်လို့"

"ကောင်းပါပြီ...ကောင်းပါပြီ"

ထိုအခါ မြင်လိုက်ရတာက Taehyung ရဲ့အပြုံး။ တစ်နေ့ထက်တစ်နေ့ ပြောမပြနိုင်လောက်အောင် ချစ်ဖို့ကောင်းတာက Taehyung ရဲ့ အားသာချက်။ Jungkook အတွက်တော့ အားနည်းချက်။

"ဘာရေခဲမုန့်လဲ"

"စတော်ဘယ်ရီ"

Taehyung စိတ်တိုင်းကျ ဝယ်ပေးသည်။

အချိုသိပ်မစားသူမို့ တစ်ခုဘဲ ဝယ်ပေးတော့ မျက်ဝန်းထဲမှာ မေးခွန်းတွေ တန်းစီနေတာကို တွေ့လိုက်ရပြန်သည်။ အဲ့လိုဘဲ ချစ်စရာကောင်းလိုက်တာ။

"ကိုယ်မကြိုက်ဘူး"

ထိုအခါမှ Taehyung ရဲ့ အပြုံးက လူယုတ်မာ ဆန်လာသည်။ အခုတလော သိပ်ကိုဆိုးလာသလို အားရင် အားသလို Jungkook အားသိပ်ကို ကလိသည်။

ချစ်လွန်းလို့ အလိုလိုက်နေတာ။ 

ရေခဲမုန့်ကို Jungkook နှုတ်ခမ်းရှေ့တေ့လာသည်။

"စားနော်"

ခေါင်းက နောက်ဆုတ်တော့ လက်ကလည်း နှုတ်ခမ်းနား လိုက်သည်။ အဲ့တာ မစားမချင်း ဇွတ်လုပ်တော့မှာ။

"တကယ်မစားဘူးလား"

"ကိုယ်မစားချင်တာကိုကွာ"

ထိုအခါမှ လက်ကို ပြန်နောက်ဆုတ်ကာ ရေခဲမုန့်ကို Taehyung က နှုတ်ခမ်းတွင် ပေကျန်အောင် သုတ်လိုက်သည်။

Dangerous Beautiful Love Pain (Lolita) (Completed) Where stories live. Discover now