Part 18

11.4K 782 31
                                    

Unicode

"Jeon Taehyung ကဒီလက်ထပ်ပွဲကို ငြင်းရင် ဒီလူကလည်း ရအောင်လုပ်မှာ"

တကယ်ကို အနိုင်ယူသွားသလိုမျိုးဘဲ။ Jeon Jungkook ရဲ့ စိတ်ကြိုက် ဒီလက်ထပ်ပွဲကို ရက်ပိုင်းအတွင်းလုပ်ဖို့ဖြစ်လာသည်။

တကယ်ကို Jeon Jungkook က သူ့စိတ်တိုင်းကျလုပ်သွားတာ။ တစ်ချက်လေးတောင် လုပ်ချင်ရဲ့လားဆိုတဲ့ ဆန္ဒလေးတစ်ခုတောင် မမေးမြန်းခဲ့ဘူး။ 

"မင်းကြိုက်တဲ့ ဝတ်စုံမတွေ့သေးဘူးလား Taehyung"

ဝတ်စုံအဖြူတွေက ကုတင်ပေါ်မှာ ပုံနေပင်မဲ့ တစ်ထည်မှကို ကောက်မစမ်းကြည့်တာ။ အဲ့တာကို စိတ်တိုင်းမကျဘူးထင်နေတာ။

"ပွဲအမှီ မာမီနဲ့ဒယ်ဒီလာလိမ့်မယ်နော်...ကိုယ်ရွေးပေးရမလား"

"ကျွန်တော်...လက်မထပ်ချင်သေးဘူး"

"ဒါလေးဆို မင်းနဲ့လိုက်မှာ...ဒါလေးဘဲ ဝတ်လိုက်နော်"

အဖြူရောင်ရှပ်လေးကိုမှ ရွှေရောင်အနားကွတ်လေးတွေနဲ့ တစ်ထည်ကို ယူပြီး ဘေးထုတ်လိုက်သည်။ ပြောလိုက်တဲ့ စကားကို မကြားချင်ယောင်ဆောင်ပြီး သူလုပ်ချင်သလိုလုပ်နေတာ။ တကယ့်ကို အရူး။

"ကိုယ့်ကို ချစ်လား"

မျက်နှာချင်းဆိုင် စိုက်ကြည့်လာရင်း မေးသည်။ ချစ်လားတဲ့...Jungkook နဲ့နေရင်း သိသိသာသာပြောင်းလဲနေတဲ့ ကိုယ်ဘာသာကို ရိပ်မိပင်မဲ့ ချစ်နေတာလားဆိုတဲ့ မေးခွန်းကိုတော့ ကိုယ့်ဘာသာကို ပြန်မမေးခဲ့ဖူးဘူး။

မသိဘူး။ တကယ်ကို ချစ်တာလားဆိုတာ မသိဘူး။ 

"ဟမ်...ကိုယ့်ကိုချစ်လား"

"မသိဘူး...ကျွန်တော်မသိဘူး"

"အင်း... လက်ထပ်ပွဲကို အကျဉ်းချုပ်ဘဲ လုပ်ထားတယ်...သေချာပေါက် မင်းဘက်က ကြည်ဖြူနေဖို့လိုတယ်...ဒါပေမဲ့ ငြင်းဖို့တော့ မကြိုးစားနဲ့...ကိုယ်က မင်းနဲ့ပတ်သတ်ရင် သေးသေးလေးမှ အမှားမခံနိုင်တာမို့"

ပြောပြီးသည်နှင့် ပါးလေးကို နမ်းသည်။ ထို့နောက်တွင်မြန်ဆန်သော ခြေလှမ်းတွေနှင့် အခန်းထဲမှ ထွက်သွားသည်။

Dangerous Beautiful Love Pain (Lolita) (Completed) Where stories live. Discover now