Part 27

9.1K 604 19
                                    

Unicode

ဖြည်းညင်းစွာ ပွင့်လာသည့် မျက်လုံး။ ခေါင်းက မူးနောက်နောက်ဖြင့် ကြည်မနေခဲ့ပင်။ ကုတင်ပေါ်မှ ထလိုက်ကာ နာရီကြည့်လိုက်တော့ မနက် 11 နာရီ။

တော်တော်ကြီးကို နောက်ကျသွားခဲ့တာဘဲ။ မနေ့ညက ပုံရိပ်တွေကို စဉ်းစားလိုက်တော့ တစ်ခုချင်းစီ မျက်လုံးထဲ၌ ပေါ်လာသည်။ 

သိပ်တွေးမနေဘဲ နားထင်ကို ဖိနှိပ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

ကြည်နောက်နေသည့် ခေါင်းကို ရေကို အေးစိမ့်စွာ ချိုးလိုက်ပြီး ရေချိုးခန်းထဲမှ ပြန်ထွက်လာသည်။

စားပွဲတင်ထားသည့် ဖုန်းက မြည်လာသည်မို့ ကောက်ကိုင်လိုက်တော့ Yuuna ဖြစ်နေသည်။

"အင်း...ပြော"

"နှိုးပြီလားကို..."

"အင်း..."

"အားတယ်ဆိုရင် Yuuna တို့ ဒီနေ့ဈေးဝယ်ထွက်ရအောင်လေ...တစ်ယောက်တည်းမသွားချင်လို့...ပြီးတော့ ဒိတ်ကြမယ်လေ"

"ဆောရီး...ကိုယ်မအားဘူးရယ်"

"လိမ်နေတာမလား...ဒီအချိန်မှ ထတယ်ဆိုရင် ရုံးသွားစရာ အကြောင်းမှမရှိတော့တာ"

သူမ စကားကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

"အင်း...သွားရအောင်"

"အဲ့ဆို Yuuna လာခဲ့မယ်...စောင့်နေနော်ကို"

"အင်း...အဲ့ဆို ဒါဘဲ"

ဖုန်းချလိုက်ပြီး အဝတ်အစားလဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

မီးဖိုခန်းထဲ ဝင်လိုက်တော့ စားသောက်ဖို့ ပြင်ဆင်နေသည့် Taehyung ကိုတွေ့လိုက်ရသည်။ အလုပ်သမားတွေကို ကူလုပ်နေတာက တကယ်ကိုကြည့်ကောင်းနေသည်။

"နှိုးပြီလား...အမူးပြေအောင် ‌ဟင်းရည်လုပ်ထားတယ်...နေ့လည်စာအတွက်တော့ ချက်ရအုံးမယ်...ဒါလေး အစာပြေစားလိုက်...ကော်ဖီဖျော်ပေးမယ်"

အရင်လို အရမ်းကပ်နေသည့်ပုံစံမဟုတ်ဘဲ...အခု Taehyung ရဲ့ ပုံစံက တာဝန်အရပုံစံဆက်ဆံနေသလိုမျိုးဘဲ။

ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး

"တောင်းပန်ပါတယ် Taehyung"

Dangerous Beautiful Love Pain (Lolita) (Completed) Where stories live. Discover now