နတ်ဆိုးကျိန်စာ Part 6

5.1K 87 0
                                    


မဆုံးသေးသော အစ

*********************************

ချိန်းဆိုရက်အလျောက် ခွန်းသနဲ့ အတွင်း‌ရေးမှူးတို့ မြတ်ဓနကုမ္ပဏီရှေ့ ရောက်လာခဲ့သည်။

နှစ်၂၀ကာလပတ်လုံး သူ့စိတ်ဟာ အနက်ဆုံးရှိုင်းဆုံး ဂူတစ်ခုထဲ ချထားပီး ထိရှဖို့ မလွယ်ကူတော့ဘူးလို့ ထင်ခဲ့တာ။ သူ့ဖခင် ဘုန်းမြတ်တစ်ဝက် ပိုင်ဆိုင်ခဲ့ဖူးသော ကုမ္ပဏီရှေ့ ခြေချလိုက်ရုံဖြင့် အေးစက်နေတဲ့ သူ့စိတ်ဟာ အလိုလို မွန်းကြပ်လာရသည်။

လွန်ခဲ့သော အနှစ်၃၀ ဝန်းကျင်တုန်းက ဘုန်းမြတ်နဲ့ ဓနကျော်တို့ ပေါင်းစည်းတည်ထောင်ခဲ့သော ကုန်သွယ်ရေးအာမခံ ကုမ္ပဏီဟာ အခုထက်ထိ တည်တံ့ခိုင်မြဲနေသေးသလို ခွန်းသရင်ထဲ အငြိုးတောင်ကြီးဟာလဲ အချိန်နဲ့အမျှ တည်တံ့ခိုင်မြဲလာသည်။

"Boss....ကျွန်တော်တို့ ဝင်ပါတော့မလားဗျ"

ဒီနေရာတင် ရပ်ကာ မလှုပ်တဲ့ သူ့သူဌေးကို အတွင်းရေးမှူး ဝဏ္ဏက သတိပေးသလို မေးလိုက်သည်။

"အော့...အေး၊ ကျုပ်တို့ နောက်မကျဘူးမလား?"

အတွင်းရေးမှူးဆီ အသံတစ်ချက်က သူ့တွေ့များအားလုံးကို ရပ်ဆိုင်းစေနိုင်သည်။

"ကျွန်တော်တို့ ငါးမိနစ် နောက်ကျပါတယ်"

လက်ပတ်နာရီကို တစ်ချက်ကြည့်ပီး ဝဏ္ဏဖြေလိုက်တော့ ခွန်းသ နှုတ်ခမ်းစွန်းတစ်ဖက် တွန့်တက်ကာ သုံးထပ်တိုက်အမိုးအောက် ဝင်သွားဖို့ ခွန်းသ ခြေလှမ်းလိုက်သည်။

ခုထိ ခမ်းနားနေသေးတဲ့ ကုမ္ပဏီဟာ အရင်ခေတ်တုန်းကနဲ့ဆို ဘယ်လောက်တောင် ခန်းနားလိမ့်မလဲ။

ရုံးခန်းအသီးသီးမှာ သစ်သား တံခါးကြီးများနဲ့ အဖြူရောင် ဆေးသုတ်ထားတဲ့ အတွင်းပိုင်းတစ်ခုလုံးဟာ လက်ဖက်မှုရှိပီး ခုခေတ်ရုံးခန်းများနဲ့ ကွာခြားသည်။

ဒီကုမ္ပဏီရှိ ဝန်ထမ်းမလေးများကလဲ ဆံထုံးနဲ့ မြန်မာဝတ်စုံ ရိုးရိုးလေးသာ ဝတ်ဆင်ခွင့်ရပုံနဲ့ ဒီလို ဆင်ယင်ထုံးဖွဲ့မှုကြောင့် ပိုရင့်ကျက်တယ်လို့လဲ ခံစားရစေသည်။

နတ်ဆိုး ကျိန်စာ 18+Where stories live. Discover now