နတ်ဆိုးကျိန်စာ Part 19

4.6K 126 1
                                    


ရှင့်ရဲ့ မူပိုင်

**********************************

ဖုန်းချလိုက်ပီးနောက် ဝိုင်ပုလင်းအား ထုတ်ယူပီး အကိုင်းရှည် ခွက်လုံးထဲ ဝိုင်ငှဲ့ထည့်ကာ ထူးထူးဆန်းဆန်းဖြင့် ခွန်းသ တက်ကြွမြူးရွှင်နေသည်။

ရှအင်္ကျီလက်အား တစ်ဝက်ပင့်တင်ပီး ရှေ့ကြယ်သီးအား နှစ်လုံးထပ်မံ ဖြုတ်လိုက်တော့ ပြည့်တင်းတဲ့ ရင်အုတ်က ရှားပါးရတနာလို လှပ်ပေါ်လီပေါ်နဲ့ အကြည့်များအား လှည့်စားသည်။

ဝိုင်နီခွက်အား နီမြန်းသော နှုတ်ခမ်းနဲ့တေ့ကာ တစ်ကျိုက်သောက်လိုက်သည်။

ဝိုင်နီမို့လားမသိ သူသောက်လိုက်တဲ့ ဝိုင်အရသာဟာလဲ ချိုစိမ့်ကာ ခါးသီးမှု ကင်းသည်။

ဟွန်းး

လည်ချောင်းထဲ ရီသံတစ်ချက်က ဝိုင်အရသာကြောင့်တော့ မဖြစ်နိုင်ချေ။

ဒီခလေးမကို အနိုင်ကျင့်လိုက်တိုင်း ဦးဓနကျော်ခေါင်းပေါ် နင်းလိုက်နိုင်တယ်ဆိုသော ခံစားချက်ကြောင့် သူပျော်နေတာ ဖြစ်သည်။

တင့်တောင်.....တင့်တောင်

အခန်းရှေ့ ဘဲလ်တီးသံကြောင့် ခွန်းသအလိုတော်ကျစွာဖြင့် နှုတ်ခမ်းစွန်းတစ်ဖက် တွန့်တက်ရုံ ထိုင်မြဲထိုင်နေသည်။

ခနအကြာမှာတော့ ဘဲလ်တီးသံ ဆက်တိုက် လွှင့်လာသည်။

သူမရှိဘူးလား? ဒါ ဘာသဘောလဲ?

ဘဲလ်တီးမဲ့ လက်တွေအား ယုယဘယ်လောက်ထိတောင် မောင်းနင်လိုက်ရသလဲ။ တီးလိုက်ပြန်တော့လဲ ငြိမ်သက်ချင်းက ကြိုဆိုနေသည်။

အခန်းရှေ့ ငါးမိနစ်ကြာအောင် ရပ်ကာ စဥ်းစားနေသည်။

သူတမင် လာမဖွင့်တာ သေချာလို့ ယုယပင့်သက်ရှိုက်ကာ တံခါးလက်ကိုင်အား လှမ်းဖွင့်ကြည့်တော့ လော့မချထားပါ။

ဒါလဲ သူ့အကြံကြီးပဲကိုးး....

ဘယ်လောက်ထိ ရင်နာနေသော်လဲ ယုယငြင်းဆန် ရုန်းကန်လို့မရတဲ့ ဒီလူကြီးဟာ အရင်ဘဝက သူမရဲ့ အကုသိုလ်ထုတ်ကြီးလို့သာ မြင်ရမည်။

နတ်ဆိုး ကျိန်စာ 18+Where stories live. Discover now