နတ်ဆိုးကျိန်စာ Part 59

3.6K 96 1
                                    


မိသားစုသစ်

********************************

မိုးနှောင်းကာလဆိုပေမဲ့ ကုန်ဆုံးသွားတော့မဲ့ မိုးရာသီအတွက် ဝမ်းနည်းနေသော မိုးကောင်းကင်ကြီးက နေ့စဥ်နေ့တိုင်း ရွာချကာ အလွမ်းသယ်နေတာနဲ့တူသည်။

ဖက်ရွက်ဖြင့် အမိုးမိုးထးသော အိမ်လေးထဲ ကျောက်သုံးလုံးစီထားသော မီးဖွတ်ထဲ ခက်ခဲစွာဖြင့် ထမင်းချက်ဖို့ ယုယမီးမွေးနေသည်။

တဝေါဝေါ တိုက်ခတ်လာတဲ့ လေနဲ့အတူ မိုးမှုန်ပါသော လေငွေ့များက ဖွင့်ဟထားသော မီးဖိုချောင်ထဲ တိုက်ဝင်လာသည်။

ညနေ ၄နာရီထိုးပြီမို့ ထမင်းအမှီချက်နိုင်ရန် အိုးစလောင်းဖြင့် လေကာထားကာ ယုယ အလှုပ်ရှုပ်နေသည်။

မီးပိုပြင်းအောင် တည်ထားသော ထမင်းအိုးအောက် ထင်းထပ်ထိုးလိုက်သည်။

ဒီမှာနေလာတာ သုံးလတောင် ကြာပြီမို့ မချက်ဖူးသော ရေငှဲ့ထမင်း ချက်တာကိုလဲ ယုယ ကျွမ်းကျင်စွာ ချက်တတ်လာသည်။

ဝါးကျည်မီးမှုတ်တံအား ပါးစပ်နားတေ့ပီး မီးမှုတ်လိုက်ပီးမှ ခေါင်းမူး၍ မျက်လုံးပြာလာကာ ယုယခေါင်းဆတ်ဆတ် ခါလိုက်ရသည်။

ဒီနေရာ လူနေထိုင်မှု ပုံစံနဲ့တော့ သိပ်အံ့ဝင်ခွင်ကျ မဖြစ်သေပေမဲ့ ဒီလို ရိုးရှင်းသာယာတဲ့ ဘဝမှာ ယုယပျော်ရသည်။

သူမ ထွက်ခွာလာဖို့ ဆုံးဖြတ်ချက်ချလိုက်ကတည်းက ပြန်သွားဖို့ စိတ်မရှိတော့ပေ။

ဖခင်နဲ့ အစ်ကို ဖြစ်သူကို သတိရပေမဲ့ သူတို့ ကောင်းကောင်းနေနိုင်မှာပါလို့ သူမကိုယ်သူမ အားပေးကာ သူမရွေးချယ်လိုက်တဲ့ ဘဝသစ်မှာပဲ နေနိုင်ဖို့ အာရုံစိုက်သည်။

++++++++++++++++++++++++

ခြေဦးတည်ရာမရ ထွက်လာတော့ အဝေးပြေးကားဂိတ်ရောက်ကာ ကားလက်မှတ်တစ်စောင်အား ဝယ်ယူပီး သေချာကြည့်လိုက်တော့မှ မော်လမြိုင်သွားမဲ့ ကားဖြစ်နေသည်။

ကားခေါ်ဆောင်ရာ ပါလာတဲ့ ယုယက ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားတဲ့နောက် သတိပါ လစ်သွားသလားလို့ နိုးလာတဲ့အချိန်မှာတော့ အုတ်နံရံဖြင့် ဆေးခန်းကျဥ်းကျဥ်းလေးထဲမှ နိုးလာသည်။

နတ်ဆိုး ကျိန်စာ 18+Where stories live. Discover now