နတ်ဆိုးကျိန်စာ Part 7

4.8K 84 0
                                    


ကျိန်စာတို့ မြစ်ဖျားခံရာ

********************************

ခရစ်နှစ် 1986 ရန်ကုန် တက္ကသိုလ် စာသင်နှစ်မှာဝယ်..........

တက္ကသိုလ်လို့ ကြားလိုက်တာနဲ့ အရွယ်ကောင်းသော လူငယ်လူရွယ်များကို တန်းမြင်ယောင်မိမှာ သေချာသည်။

တက္ကသိုလ် ကျောင်းကြီးကို ပုံဖော်ကြည့်မယ်ဆိုရင် ဆယ့်နှလ ရာသီပွင့်ဖူးသော အမျိုးစုံ အရောင်အသွေးစုံလင်သော ပန်းခင်းကြီးနှင့် တူလိမ့်မည်။

လှပသည်။ မွှေးပျံ့သည်။ စုံလင်သည်။ ဆန်းကြယ်သည်။ ရင်သပ်ရှုမောဖွယ်ကောင်းသည်။

"ဟျောင့်.....ဘယ်သူလဲလို့ ကျုပ်ကို ပြပါ့လား"

ပြုံးတုံ့တုံ့နှင့် လျှောက်လာသော သူငယ်ချင်းဘုန်းမြတ်ကို လည်ပင်းကနေ သိုင်းဖက်လိုက်ပီး ဓနကျော် မေးလိုက်သည်။

တိတ်တိတ်လိုက်နေသော ကောင်မလေးဆီမှ စာပြန်ရလို့ ဘုန်းမြတ်ကြည်နူးနေသည်။

ပုဆိုးနှင့် ရှအင်္ကျီလက်တိုအဖြူဝတ်ကာ လွယ်အိတ်အား စလွယ်သိုင်းထားသော သူငယ်ချင်းနှစ်ယောက်က ခေတ်စကားနှင့် ပြောရရင် စမတ်ကျတယ်လို့ပဲ ဖြစ်မယ်ထင်သည်။

ရှက်တတ်တဲ့ ဘုန်းမြတ်က သူအသည်းအသန် လိုက်နေသော ကောင်မလေးဆီမှ အဖြေမရမချင်း ဘယ်သူ့ဘယ်ဝါဆိုတာ သူငယ်ချင်းအား ဖွင့်မပြောချေ။

"တကယ်မပြောသေးဘူးလားဗျာ....ဟိုးဘက်က စာတောင်ပြန်နေပြီပဲ၊ ဘာဖွက်ထားစရာ ကျန်နေသေးလို့လဲ"

သိချင်ဇောနဲ့ လောနေတဲ့ ဓနကျော် အားမလိုအားမရနှင့် ပြောလိုက်သည်။

"စာထဲ ဘာပါလာမလဲမှ မသိတာကွ၊ ငါအဖြေရရင်တော့ ခင်များကို အဦးဆုံးပြောမယ် ဟုတ်ပလား"

လွယ်အိတ်ကို လက်ဖဝါးဖြင့် ဖွဖွသပ်ကာ အိတ်ထဲ သူမကို လွယ်ထားလိုက်သလို သူမဆီမှ စာတစ်စောင်ကြောင့် ဘုန်းမြင့် မိုးပေါ်ပျံမတတ် ဖြစ်ရသည်။

၃လတိတိ အပို့သာ ရှိသော စာတော်တော်များများဟာ ရည်းစားစကား တည့်ရေးမဲ့အစား အကြောင်းအရာမျိုးစုံရေးထားပီး အချစ်ကဗျာ တစ်စောင်တလေ ပါနေတတ်သည်။

နတ်ဆိုး ကျိန်စာ 18+Where stories live. Discover now