နတ်ဆိုးကျိန်စာ Part 12

4.4K 95 0
                                    


ဆုပန်ခြင်းမှ..ဒဏ်ခတ်ခြင်းသို့

*******************************

ထူးထူးဆန်းဆန်း ဒီမနက် အဖေကုမ္ပဏီသွားမှာကို ယုယ မသင်္ကာသလို ဖြစ်ရသည်။

ကုမ္ပဏီအခြေနေမှန်ကို သိနေပေမဲ့ ဖခင်ရင်လေးမှာစိုးလို့ မသိသလို နေလိုက်သည်။

"ကုမ္ပဏီမှာ ပြဿနာရှိလို့လား ဒယ်ဒီ"

မနက်စာ စားချိန်တွင် သာမန်မေးလေ့ရှိသော မေးခွန်းကို မေးဖို့ ယုယ မမေ့ပေ။

"ဟုတ်တယ်....နှစ်ပတ်လည် အစည်းအဝေးရှိလို့လေ၊ ခါတိုင်း သွားနေကျပဲဆိုတော့ ဒီနှစ်လဲ သွားအုံးမှပေါ့"

ကော်ဖီမသောက်တဲ့ ဦးဓနကျော်က လက်ဖက်ရည်ပူပူကို ဘာကိစ္စကြီးကြီး ကျယ်ကျယ်မှ မရှိသလို အေးအေးဆေးဆေးသောက်ကာ ယုယထက် ဟန်ဆောင်ကောင်းသူက ဦးဓနကျော်ပဲဖြစ်သည်။

"အော် ဒီနှစ် သမီးလဲ လိုက်မယ်လေ....ကုမ္ပဏီမရောက်ဖြစ်တာလဲ ကြာပီးဆိုတော့"

"ဟ..ဟ..ဟ ရတာပေါ့ ဒီနေ့တော့မဟုတ်ဘူးနော်၊ အရေးကြီးအစည်းအဝေးမို့ ပျင်းစရာကောင်းနေလိမ့်မယ် နောက်မှ ဟုတ်ပလား"

အဖေ အရေးကြီး လုပ်စရာရှိတယ်ဆိုတာ ယုယသိပေမဲ့ ဖွင့်မပြောတဲ့ ဖခင်က သူမအပေါ် ဘယ်လောက် ခုခံငဲ့ညှာပေးတယ်ဆိုတာလဲ ယုယ သိသည်။

ငိုချင်လာပေမဲ့ ယုယအတင်းပြုံးကာ ခလေးလို ခေါင်းတဆတ်ဆတ် ညိမ့်သည်။

အစ်ကိုလဲ ပါနေတာပဲ စိတ်ပူစရာမရှိပါဘူး......

ကျန်မားရေးသိပ်မကောင်းတဲ့ အဖေကို ယုယစိတ်ပူပေမဲ့ ကိုယ့်ကိုကိုယ် အားပေးကာ မနက်စာ ငြိမ်စားနေသော အစ်ကိုဘက် လှည့်ကြည့်သည်။

+++++++++++++++++++++++++

"ဒယ်ဒီသေချာရဲ့လား"

ရုံးခန်းထဲ အတူထိုင်စောင့်နေတဲ့ ဥက္ကာက ငြိမ်နေသော ဖခင်ကို မေးသည်။

" ဒီထက်ကောင်းတဲ့ နည်းလမ်းမှမရှိတာ၊ သူလိုချင်တာ ဒီကုမ္ပဏီကို ဖျက်စီးဖို့မဟုတ်ဘူး၊ ဒယ်ဒီ့ဆီက တောင်းပန်မှုတွေ ပီးတော့ ဒယ်ဒီ့သိက္ခာကို ချချင်လို့ပဲလေ....သူလိုချင်တဲ့အတိုင်းပဲ ဖြစ်ပါစေ"

နတ်ဆိုး ကျိန်စာ 18+Where stories live. Discover now