Chapter 49

3K 569 14
                                    


Bian JinYuan Reached out to Hold His Hand

(Unicode)

ဌာနမှူးက လုယွင်ဖေးအကြောင်း ကြားဖူးခဲ့သည်။ ပထမအချက်က သူ့ဘာသာရပ်အမှတ်များ မညီမျှမှုကြောင့်ပင်။ ဒုတိယအချက်က သူက နာမည်ကြီးကျောင်းသား တစ်ယောက် ဖြစ်သောကြောင့် ဖြစ်ပြီး တတိယအချက်က သူက လုမိသားစုမှဖြစ်သောကြောင့်ပင်။

အိတ်စ်စီးတီး၏ အကောင်းဆုံးကျောင်းအနေဖြင့် ဖက်စ်ဟိုက်က အထက်တန်းကျောင်းများတွင် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သူတို့ကျောင်းတွင် ချမ်းသာသည့် ဒုတိယမျိုးဆက်များ တက်ရောက်မှုက ယုတ်လျော့သွားခြင်းမရှိဘဲ တိုး၍တိုး၍သာ နေသည်။ စာသင်နှစ်စတိုင်းတွင် ကျောင်းအုပ်ကြီးက ထိုချမ်းသာသည့်ဒုတိယမျိုးဆက်များကို မျက်နှာသာပေးရန် ပထမနှစ်ရှိ ဆရာ/မများကို သတိပေးလေ့ရှိသည်။

သူတို့အထက်တန်းကျောင်း၏ ကျောင်းအုပ်ထံသို့ ထိုချမ်းသာ၍ အင်အားကြီးသည့် မိဘများက သူတို့ကလေးများကို ဤကျောင်းသို့ပို့ကြပြီး သာမန်မိသားစုများကဲ့သို့ ပညာရေးတွင် ဝင်ရောက်မစွက်ဖက်ဘဲ ကျောင်းကိုသာ သူတို့ကလေးများကို သင်ကြားပေးရန် လွှဲအပ်ထားလေ့ ရှိသည်။ သူက စိတ်ရင်းမှန်ဖြင့် သူတို့ကို ပညာတတ်ဖြစ် စေလိုကာ အချို့နေရာများတွင် မျက်စိမှိတ်ထားပေးလိုက်သည်။ အင်အားကြီးသည့် လူဖြစ်လေလေ သူတို့ဂုဏ်သတင်းကို မြတ်နိုးကြလေလေပင်။

သူတို့က ဖက်စ်ဟိုက်ကို ရွေးချယ်သောကြောင့် သူတို့ကျောင်းကလည်း တစ်ဖက်လူကို မျက်နှာသာပြန်ပေးသည်။ အပြန်အလှန်အကျိုးရှိစေသောကြောင့် သူတို့ကျောင်း၏ တိုးတက်မှုက အခြားကျောင်းများ၏ ထိပ်ဆုံးတွင် ရှိခဲ့သည်။

ကျောင်းရန်ရုန်က အင်္ဂလိပ်စာဌာနခေါင်းဆောင်တင် မကဘဲ ယခုအချိန်တွင် ခေါင်းမာလွန်းခဲ့သည်။ ဌာနခေါင်းဆောင်က အပြစ်ရှိသည်ဟု သက်သေမပြနိုင်မချင်း သူအပြစ်ကင်းသည်ဟု ယုံကြည်ကာ သူ့အပြစ်ကင်းသည်ဟု မှတ်ယူရန် ဆန္ဒရှိခဲ့သည်။ ခိုးချသည့်ကိစ္စတွင် ဆရာက တိုင်ကြားရုံသာဖြစ်သော်လည်း ကျောင်းသား၏ ဝန်က ပိုကြီးသည်။

တီမောလ်ဂျင်းနီ (Completed)Where stories live. Discover now