Chapter 51

288 31 28
                                    

အဲ့ဒီနောက်မှာတော့ ဖေဖေက ကျွန်တော့်ကို အိမ်ခွဲနေဖို့ ခွင့်ပြုချက်ပေးလိုက်တယ်။ စစကြားချင်းတုန်းက သော်ညံဆို တအံ့တသြတွေဖြစ်နေတာ။ အိမ်မှာတစ်ညအိပ်ပြီး ဖေဖေတို့နဲ့သာ လူချင်းတွေ့လိုက်ရတာ အိမ်ရဲ့အုပ်ချုပ်ပုံကို နားလည်တဲ့ပုံမပေါက်ဘူး။ သူကြီးပြင်းနေထိုင်လာတဲ့ ပတ်ဝန်းကျင်ဆိုတာ ဒီလိုနားလည်မှုပေးတတ်တဲ့ နေရာဒေသတစ်ခု မဟုတ်ခဲ့ဘူးမလား။

"ဒါပေမဲ့ တစ်ခုတော့ရှိတယ်"

ဖေဖေ့ဘက်က သတိပေးလာတယ်"

"မင်းတို့ လမ်းမခွဲဘဲ ဒီတိုင်းပဲဆက်တွဲနေမယ်ဆိုရင် အချိန်တစ်ခုရောက်လာလို့ သော်ညံက ဒေါ်ခင်ခင်ချို့ကိစ္စကို သိသွားတဲ့တစ်နေ့မှာ ဘာမှမဟုတ်ဘဲ ပြီးသွားတာလည်းဖြစ်နိုင်တယ်။ ရင်ဆိုင်ရမှာတွေ အများကြီးဖြစ်လာတာလည်းဖြစ်နိုင်တယ်။ ဘယ်လိုကိစ္စမျိုးပဲကြုံလာလာ မင်းတောင့်ခံထားနိုင်ပါ့မလား"

ဘာကြီးပဲဖြစ်လာလာ အချစ်တစ်ခုကြောင့် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်မယ်ဆိုတာမျိုးကတော့ သိပျအဓိပ်ပါယျမရှိတဲ့ ဇာတ်လမ်းတွေထဲက ပြကွက်သက်သက်ပါပဲ။ ပြီးတော့ ဒီကိစ္စက ကျွန်တော်ကျူးလွန်ခဲ့တဲ့အပြစ်ဟုတ်မနေတာကပဲ ကျွန်တော့်အတွက် နစ်နာတာ။ မဟုတ်ရင် သော်ညံ့ကို ဝန်ချတောင်းပန်ပြီး သူ့နားပီကေလိုကပ်နေခွင့်ရရင်ရဦးမှာ။ အခုလို သော်ညံဘာကို ဆုံးဖြတ်မလဲမသိနိုင်တဲ့ ပြဿနာမျိုးမှာ အမှန်အတိုင်းပြောရရင် သော်ညံက သူ့အမေနဲ့မခြားတဲ့ ဒေါ်ခင်ခင်ချိုနဲ့ ကျွန်တော့်ကိုလဲပါ့မလားဆိုတဲ့ ယုံကြည်ချက်မျိုးမရှိဘူး။ သော်ညံ့ကိုမယုံတာမဟုတ်ဘူး။ သော်ညံ့ဘဝမှာ ကျွန်တော်က ထောင့်လေးကပဲ ပါဝင်ခဲ့တဲ့သူ။ ဒေါ်ခင်ခင်ချိုဆိုတာ ဆယ့်တစ်နှစ်ကျော်သူ့ကို စောင့်ရှောက်လာခဲ့တဲ့ သူ့ရဲ့အိမ်တော်ထိန်းမလား။ ဒီကိစ္စကိုသိသွားတဲ့နောက်မှာ သော်ညံ ကျွန်တော်နဲ့လမ်းမခွဲဘဲ ကျွန်တော့်ကိုရွေးမယ်လို့ တွေးထားတာကတော့ သိပ်မိုက်ရူးရဲဆန်ရာကျတယ်။

"အဲ့ဒီအချိန်ကျရင် သော်ညံ့အတွက် ဘာကအကောင်းဆုံးဖြစ်မလဲဆုံးဖြတ်ပြီး လက်တွေ့အကျဆုံးကိစ္စကို ကျွန်တော်လုပ်မှာပါ"

Ctrl+Z(Completed)Where stories live. Discover now