"သူတောင်းစား"
"မင်းဒီနေ့အလုပ်ရှိတယ်ဆိုတာမေ့သွားလို့..."
"တော်တော့!"
နာနေတဲ့ခါးကိုကိုင်ရင်း အင်္ကျီကြယ်သီးစေ့ဖို့ လည်ပင်းကိုနောက်တစ်ကြိမ်အကြည့်ရောက်သွားမိပြန်တော့...
"ချီးပဲ"
ထပ်ပြီးဆဲမိပြန်တယ်။
"ငါမင်းကို မုဒိန်းမှုနဲ့တရားစွဲမှာ"
"ဘာလို့ မုဒိန်းဆိုတဲ့စကားကိုခဏခဏပြောထွက်ရက်တာလဲ"
"မင်းကငါ့ကိုမုဒိန်းကျင့်ကျင့်နေတာလေ။ ဒီလည်ပင်းကဟာကြီးကိုဘယ်လိုလုပ်ပေးမှာလဲ။ ဘယ်လိုလုပ်ပေးမှာလဲလို့"
"အိမ်ထောင်သည်ဘဝကဒီလိုပဲဆိုတာလူတိုင်းသိတာပဲကို"
"ချီးကိုအိမ်ထောင်သည်လား"
အခဲမကျေနိုင်တဲ့မျက်စောင်းတစ်ချက်ထိုးပြီး အံဆွဲထဲက ပလာစတာတစ်ခုဆွဲထုတ်လိုက်တယ်။ အဲ့အကျင့်မကောင်းတဲ့ကောင်ကြောင့် ကွန်ဒုံးထက် ပလာစတာကတောင်ပိုသုံးရနေသလိုပဲ။
"ငါကပ်ပေးမယ်"
"တော်ပါ"
ငြင်းလိုက်ပေမဲ့ သူ့လက်ထဲမှာပလာစတာက ကျေကျေနပ်နပ်ကြီးပျော်မြူးပြီးပါသွားလေရဲ့။ ပြီးတော့ ပြုံးစိစိနှုတ်ခမ်းတွေနဲ့ ကျွန်တော့်နားကိုတိုးကပ်လာတဲ့စစ်နေ။
"လာရယ်နေတယ်။ သေချင်..."
"ငြိမ်ငြိမ်နေလေ"
ရွယ်လိုက်တဲ့လက်ကို ဖျတ်ခနဲ အသာလေးဖမ်းဆွဲပြီး တားလာတယ်။ ပြီးတော့ ပလာစတာအခွံကို ခပ်သွက်သွက် ဆွဲခွာပြီး ခရမ်းရင့်ရောင်အမှတ်ထက်မှာ ကျကျနနလေးကပ်ပေးလာတယ်။ အာရုံစိုက်နေတဲ့စစ်နေရဲ့မျက်နှာကို မျက်လုံးလေးထောင့်ကပ်ပြီးကြည့်လိုက်မိတယ်။
"ဒီနေ့ရော မင်းအဖေရဲ့အလုပ်တွေလုပ်ပေးရဦးမှာလား"
"အင်း။ မနေ့ညကမလုပ်ဖြစ်လိုက်တာတွေနဲ့ဆို ငါအကြွေးပါပိသွားတာ"
အမှန်အတိုင်းပြောရရင် စစ်နေအဖေက အဖွဲ့ထဲအလုပ်တွေအရမ်းပုံနေရင်တောင် ဝန်ထမ်းတွေဆီတာဝန်စနစ်တကျခွဲပေးနိုင်တဲ့သူ။ ဟိုတစ်လောက ကုမ္ပဏီတစ်ခုက ငွေလိမ်သွားလို့စာချုပ်ပျက်သွားပြီး ဝန်ထမ်းအားလုံးယောက်ယက်ခတ်နေတဲ့အချိန်မှာတောင် သူတစ်ယောက်တည်းခေါင်းအေးအေးထားပြီး ချက်ကျလက်ကျဖြေရှင်းနိုင်ခဲ့တဲ့သူ။ တကယ်လို့အခုအလုပ်တွေများနေတယ်ဆိုရင်တောင် ဝန်ထမ်းတွေကိုမခိုင်းဘဲ ဘာမှမဆိုင်တဲ့ စစ်နေကို ဆွဲခိုင်းရတာလဲ။ စစ်နေကသူ့ဟာသူတောင် ဆိုင်အလုပ်တွေနဲ့ လိပ်ပတ်မလည်တဲ့ဟာ။ မဟုတ်မှလွဲရော အသက်ငါးဆယ်ကျော်လာလို့များ ဦးနှောက်အခန်းလွတ်သွားတာလား။