ကျားဖြူလေး ရှောင်ချို

1.3K 142 0
                                    

ဆိုင်၏အနောက်ဖက်ရှိ  လေဟာနယ်ထဲ၌ လေဟာနယ်အကန့်ငယ်တစ်ခုထဲတွင် သားရဲတစ်ကောင်စီရှိနေသည်။

စု၀မ်လိုချင်သည့် လေဟုန်စီးခြင်္သေ့ပျံသားရဲ‌အား
မတွေ့ခဲ့ရသော်လည်း အခြားခြင်္သေ့ပျံသားရဲအချို့ကိုမူ တွေ့ရလေသည်။
ဦးလေးလင်းကိုဘသူမလည့်ကြည့်လိုက်ချိန်တွင်ခရမ်းမိုးကြိုး ခြ‌င်္သေ့ပျံသားရဲအား စိတ်၀င်စားစွာကြည့်နေသည်ကို တွေ့လိုက်သည်။

"ဒီသားရဲကို ကျွန်မယူမယ်"စု၀မ်တုံဆိုင်းခြင်းမရှိရွေးချယ်လိုက်သည်။

"မိန်းကလေးသေချာရဲ့လား ဒီသားရဲကအမျိုးသမီးတွေအတွက် မသင့်လျော်ဖူးနော်"

"အဟွန်းမင်းကငယ်သေးတော့ မသိဖူး ဒီသားရဲက ခြင်္သေ့တွေထဲမှာ အသန်မာဆုံးနဲ့အရဲရင့်ဆုံးဖြစ်သလို နှာဘူးအကျဆုံးသားရဲလည်းဖြစ်သေးတယ်"
အဘိုးအိုသည် ပြောရခက်နေသော အမူအရာဖြင့်
စု၀မ်အား သတိပေးလာသည်။

"အာ ဒါကျွန်မအတွက်မဟုတ်ပါဖူး ကျွန်မဦးလေးအတွက်ပါ "

သူမ၏အပြောကြောင့် ဆိုင်ရှင်အဘိုးကြီးရော လင်းဟောက်ပါ အံဩသွားသည်။

"မင်းအတွက်ရွေးချယ်နေတာ မဟုတ်ဖူးလား။
မင်းလည်း ဒီနေရာကစည်းမျဉ်းကိုသိမှာပါ
ငါတို့သားရဲအဖွဲ့အစည်းက သားရဲတစ်ကောင်ကို၀ယ်ပြီးရင် နောက်ထပ် အဲ့သားရဲနဲ့အဆင့်တူသားရဲကိုထပ်ဝယ်ခွင့်မရတော့ဘူး။
ပြီးတော့ ငါတို့က မြို့တစ်မြို့ကို သုံးနှစ်မှာတစ်ရက်ပဲလာတာကိုလည်းမမေ့နဲ့နော်"

"ဟုတ်တယ် သခင်မလေး ဒါမဖြစ်သင့်ဖူး ဒါက သိမ်မွေ့အဆင့်မြင့်သားရဲပဲ။
သခင်မလေး ဒါကိုရွေးလိုက်တာနဲ့ သခင်မလေးအတွက် အဆင့်တူသားရဲရွေး၀ယ်ခွင့်မရှိတော့ဖူး"
လင်းဟောက်က အလန့်တကြားသတိပေးလာသည်။

"စု၀မ်လည်း လိုချင်တဲ့သားရဲမှ မရှိသေးတာကို ဦးလေးလင်းရဲ့သားရဲဆိုလည်း စု၀မ်ကိုအကာအကွယ်ပေးနိုင်မှာပဲလေ။
နောက်မှစု၀မ်အတွက်ရွေးချယ်တာပေါ့"
စု၀မ်သည် သူမနှစ်သက်သည့် သားရဲမတွေ့သေးကြောင်း ရှင်းပြလိုက်သည်။

"ပြီးတော့ဒါက ဒဏ္ဌာရီတစ်ပိုင်းအဆင့်ကိုပြောင်းလဲနေတဲ့  သွေးမျိုးဆက်သားရဲတစ်‌
‌ကောင်ပဲဦးလေး  သူ့ရဲ့သွေးမျိုးဆက်ကခုမှစပြီးပြောင်းလဲနေတုန်းပဲ။
ခုမ၀ယ်ရင် နောက်ကျအခွင့်အရေးရဖို့ခက်တယ်"
စု၀မ်သည်  စိတ်ဝိညာဉ်အသံလွှင့်ခြင်းအား အသုံးပြု၍ လင်းဟောက်အားပြောလိုက်သည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Where stories live. Discover now