အကယ်ဒမီလေလံပွဲ

1.1K 126 2
                                    

ယနေ့က လေလံပွဲစတင်မည့်နေဖြစ်သည်။
လေလံပွဲလုပ်ရသည့်အကြောင်းမှာ ကျောင်းတော်ရှိ ကျောင်းသားများအနေဖြင့် အပြင်ဘက်ကို
ရောင်းချလိုသည်ရှိပါက လေလံတင်ရန်ဖြစ်သည်။

အရေးကြီးဆုံးမှာဆေးဌာနနှင့် သားရဲထိန်းများက
ပြုလုပ် ထိန်းကျောင်းထားသော ဆေးလုံးများနှင့်
သားရဲများအားလေလံတင်လိုကြခြင်းဖြစ်သည်။
အကယ်ဒမီမှကျောင်းသားများ၏အရည်အသွေးမြင့် ထုတ်ကုန်များ ဥပမာ ဆေးလုံး၊အစီအရင်ပြား၊သားရဲများ၊လက်နက်များနှင့် အခြားသောအရာများဖြစ်သည်။

မိသားစုကြီးများကလည်း ပါရမီရှင်များနှင့် ရင်းနှီးရန် သို့မဟုတ် ထူးခြားသော‌ပစ္စည်းများအားလေလံဆွဲရန် ရောက်လာတတ်ကြသည်။
ပြောရလျှင် တာအိုစည်းချက်မြို့သို့ လွန်ခဲ့သောရက်များကပင် ဂိုဏ်းတစ်ဂိုဏ်းပြီးတစ်ဂိုဏ်း၊
ကလန်တစ်ခုပြီးတစ်ခုရောက်ရှိလာကြသည်။

အကယ်ဒမီတွင်လေလံတင်လိုက်သည်နှင့်
တောင်ပိုင်းနယ်မြေတစ်ခုလုံး ပွက်ပွက်ညံသွားတတ်မြဲသာဖြစ်သည်။

ဒီတစ်ခေါက်လေလံပွဲတွင် ဆေးဌာနမှ
ဆေးနတ်မိမယ်၏ဆေးလုံးလည်း ပါ၀င်မည်ဆိုသည့်သတင်းက လူများကိုပိုမိုရောက်ယက်ခတ်စေသည်။

ဌာနပေါင်းစုံပြိုင်ပွဲနေ့ကတည်းက စု၀မ်၏ဆေးနှလုံးသားအကြောင်းနှင့် ဆန်းကြယ်တာအိုကြိုမျှင်ဆေးလုံးက ပျံ့နှံပြီးသားဖြစ်သည်။
လွန်ခဲ့သောတစ်ရက်က သူတို့နှင့်နီးစပ်ရာလူများ
ကလန်များမှကျောင်းသားများ၊အကြီးအကဲများ၏ သတင်းပေးချက်အရ ဆေးနတ်မိမယ်သည် ဆေးမိုးကြိုးအားဆင့်ခေါ်နိုင်သည့် ဆေးတစ်လုံးဖော်စပ်ခဲ့ကြောင်း သိခဲ့ရသည်။

ဆေးဌာနမှအကြီးအကဲတစ်ယောက်ပေးသော
သတင်းအရ ဆေးလုံးဖြစ်တည်ချိန်ကမွှေးရနံကိုကြည့်ပါက အဆင့်လေးအသက်အားဖြည့်ဆေးဖြစ်မည်ဟုဆိုထားသည်။

အသက်အားဖြည့်ဆေးမှာ မိုးကြိုးများအား
မဆင့်ခေါ်နိုင်ရာ ဒဏ္ဌာရီလာဆေးဟု၍ပင်
ကောလဟာလများဖြစ်ပေါ်လာသည်။
မည်သို့ပင်ဖြစ်စေ မိုးကြိုးကပ်ဘေးအားဆင့်ခေါ်နိုင်သည့် ဆေးဘုရင်တစ်ပိုင်းဆေးလုံးဟူသည်ကပင် လူအုပ်ကြီးအား ရူးသွပ်သွားစေနိုင်သေးသည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Where stories live. Discover now