အလဲအလှယ်

1.2K 148 4
                                    

စု၀မ်အနေဖြင့် သူမဆီသို့လာရောက်လည်ပတ်သူများမရှိချိန်ရောက်မှ အသက်၀၀ရှုနိုင်တော့သည်။

အကယ်ဒမီရဲ့လေလံပွဲမှာ ဆေးလုံးနှစ်လုံးလေလံတင်ဖို့ကတိပေးလိုက်ရပြီး ကျန်တစ်လုံးကိုအကယ်ဒမီမှ ဆေးတောင်ကြားသို့ လှမ်းပို့ဆောင်လိုက်သည်။

ဖြစ်နိုင်တာကတော့ သူမအသက်၁၀နှစ်ပြည့်ပြီးတာနဲ့ ဆေး‌တောင်ကြားကိုသွားရဖို့လမ်းမြင်တယ်။
ထိုသို့တွေးပြီးသည်နှင့် စု၀မ်ပြန်၍စိတ်ကြည်လာသည်။

လက်ရှိ‌ သူမဝှက်ထားတဲ့ဆေး ခြောက်လုံးကတော့ ဦးလေးလင်းဆီကိုရောက်သွားလေပြီ။

အကျိုးဆောင်ခအနေနဲ့ သူမဆီမှာကျန်တဲ့တစ်လုံးကို အိုးရန်လေလံအိမ်မှာလေလံတင်ထားရတယ်။

ဆေးနှလုံးသားကိုပိုင်ဆိုင်နိုင်ခဲ့တာမို့ လင်းဟောက်အတွက် ဝိညာဉ်စီရင်ခြင်းဆေးလုံးကိုဖော်စပ်နိုင်သည့်အခြေအနေကိုရောက်နေပြီ။

ဒါကတော့ ရှုယန်လိုခြင်နေတဲ့ဆေးလုံးလည်းဖြစ်သည်။

ထို့ကြောင့် ကြိုးစားကြည့်ရန်အတွက် ဆေးပင်များလဲလှယ်ရန် တာ၀န်ခွဲဝေဌာနသို့သွားလိုက်သည်။

သူမသွားသည့်လမ်းတစ်လျှောက်မှာ
အကယ်ဒမီရှိကျောင်းသားတိုင်းက လေးစားချီးကျူးမှုများဖြင့်ကြည့်နေကြသည်။
သူတို့က လတ်တလောလေးမှ သူမရဲ့ဆေးနှလုံးသားအကြောင်း သိရှိထားသည်ကိုး။

သို့သော်ယခု သူမအားဌာနမှ ဆေးနတ်မိမယ်အဖြစ်သတ်မှတ်ပေးလိုက်ရာ သူတို့လာရောက်စကားမပြောဝံ့ပေ။ထိုအစား သူမသွားရာလမ်း‌ တစ်လျှောက်လုံး ပြုံး၍ကြည့်နေကြသည်။

သူတို့၏အကြည့်များကြောင့် စု၀မ်ပင်နောက်‌ကျေမလုံချင်သလို ဖြစ်လာသည်အထိပင်။

သူမက အေးအေးချမ်းချမ်းလေးနဲ့ စိတ်ပျော်ရာနေချင်သူပါ။
ဒါ့ကြောင့် သူတို့ကခေါင်းငြိမ့်ပြလိုက်ကာ
ချကိခြင်းပင် သူမအလိုရှိရာသို့ပျံသန်းသွားတော့သည်။

လူများ၏မျက်လုံးများထံမှ လွတ်ချိန်မှသာ
စု၀မ် သက်ပြင်းချနိုင်တော့သည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Where stories live. Discover now