ဗဟိုပေါင်းစည်းခြင်းအကယ်ဒမီ

1.2K 145 10
                                    

စု၀မ်မျက်လုံးများအား ဖွင့်လိုက်ချိန်တွင် သူမ၏ပြောင်းလဲမှုများအား ခံစားလိုက်ရသည်။

ယခုလက်ရှိစု၀မ်၏ခန္ဓာကိုယ်မှာ ကောင်းကင်ချီဖြင့် သန့်စင်ခြင်းခံထားရသည်။
အခြေတည်အဆင့်သည် သေမျိုးမှမသေမျိုးသို့
ကူးပြောင်းသည့်အဆင့်ဖြစ်လေရာ
သူမ၏ခန္ဓာကိုယ်တွင် သန့်စင်မြင့်မြတ်သော
မသေမျိုးအရှိန်အဝါများထွက်ပေါ်နေသည်။

သို့သော်သူမ၏ကိုယ်တွင်းမှ အညစ်အကြေးများထွက်လာလေရာ အရင်ဆေးကြောသန့်စင်ရသည်။
အ၀တ်အစား၀တ်ဆင်ပြီးချိန်တွင် မှန်တစ်ချပ်အားထုတ်ကြည့်လိုက်ရာ မသေမျိုးဘုံမှ အလှနတ်ဘုရားမဟုပင်ထင်မှတ်ဖွယ်ရှိသောမျက်နှာလေးအား မြင်တွေ့လိုက်ရသည်။

မြေအဆီအနှစ်ပုံဆောင်ခဲလေး၏ကောင်းမှုကြောင့် ယခုဆိုလျှင် အခြေတည်အဆင့်ခြောက်သို့ ချက်ခြင်းရောက်ရှိသွားသည်။

ကျန်ရှိနေသည့်ပုံဆောင်ခဲကိုမူ ဦးလေးလင်းအတွက် ချန်ထားလိုက်သည်။

ပုံဆောင်ခဲကဲ့သို့ ကောင်းကင်ရတနာများဖြင့်ဆိုပါက လင်းဟောက်၏အမြုတေအားအနည်းငယ်ကုစားနိုင်မည်။

စု၀မ်သည် လင်းဟောက်အားရှာရန် ဂူထဲမှထွက်လာသည်။

ဂူ၏အပြင်ဘက်တွင် လင်းဟောက်ခြေမကိုင်မိလက်မကိုင်မိဖြစ်နေလေသည်။
အစပိုင်းတွင် အဆင့်ချိုးဖြတ်မှုမှာကြာလွန်းသဖြင့် စိတ်ပူနေခြင်းဖြစ်သည်။

ယခုမူ သူ့သခင်မလေးသည် နှလုံးကိုးခုမီးကြာပန်းတာအိုခန္ဓာနိုးထလာခဲ့ပေသည်။
နိမိတ်ပုံရိပ်များကြောင့် လင်းဟောက်ကြောက်ဒူးတုန်သွားသည်ကို ငြင်းမရချေ။

'ဒါဘယ်လိုခန္ဓာကိုယ်မျိုးမို့လဲ လောကရဲ့အကောင်းဆုံးလေ အကောင်းဆုံး ဟားဟားဟား
လီမိသားစု၊ဖုန်းမိသားစု မင်းတို့ဘယ်လိုမျက်နှာနဲ့ဆက်အသက်ရှင်မှာလဲကွ'
လင်းဟောက်၏စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ဟစ်ကြွေးနေမိသည်။

"ဦးလေးလင်းအဆင်ပြေရဲ့လား။တစ်ခုခုများဖြစ်သွားလို့လား။"
စု၀မ်တစ်ယောက် အလွန်စိတ်လှုပ်ရှားနေသော လင်းဟောက်အား နားမလည်နိုင်စွာကြည့်နေမိသည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Where stories live. Discover now