How much he cares about me

20 3 0
                                    

သူ.........

ဒီနေ့ သူ့ကိုပိုလွမ်းတယ်...ပိုသတိရတယ် ပိုတွေ့ချင်တယ် အဲ့တော့ သူနဲ့ဆုံလေ့ရှိတဲ့နေရာလေးကို သွားမိတယ်...ကိုယ့်ကိုတွေ့ရင် သူ အမြဲပြုံးနေတာ၊ အချိန်တိုင်း ပြုံးပြနေတဲ့သူမဟုတ်ပေမယ့် သူ့အပြုံးတွေက ကိုယ့်တစ်ဦးတည်းကိုပဲ ဦးတည်ထားတာ၊ သူကအမြဲပြောတယ် သူ့ရဲ့ပျော်ရွှင်ခြင်း၊ ရယ်ရွှင်မြူးနေရခြင်းအကြောင်း၊ သူဆိုတဲ့ဖြစ်တည်မှုတိုင်းအကုန်လုံးက ကိုယ့်ကြောင့်ပါတဲ့...မျက်ရည်ဝဲပြီး ပြောမပြတတ်အောင်ကြည်နူးရတဲ့အခိုက်အတန့်ပဲ၊ ချစ်တဲ့သူဆီက ချစ်တယ်လို့ ပြောတာထက်ပိုတဲ့စကားလေးကြားရတဲ့အခိုက်အတန့်က နှလုံးသားကို ဘာနဲ့မှလဲလို့မရဘူးလေ 
သူနဲ့မတွေ့ရတာ အတော်ကြာပြီ သူကမဆက်သွယ်တာလား ကိုယ်ကမဆက်သွယ်တာလားမသိပေမယ့် တယောက်နဲ့တယောက် မတွေ့ဖြစ်တာ တကယ့်ကိုကြာခဲ့ပြီ၊ ဒါပေမယ့် ချစ်တယ်ဆိုတဲ့စိတ်ခံစားချက်၊ သူ့ကြောင့်ရင်ခုန်နှုန်း​တွ ဖြစ်တည်လာတဲ့နှလုံးသားတွေကတော့ အေးစက်မသွားခဲ့သလို စိမ်းသက်သွားခြင်းလည်းမရှိခဲ့ဘူး၊ ဒါကို သူလည်း သိနေမယ်၊ ကိုယ်လည်း သိနေတယ်၊ ဘာလို့လဲဆိုတော့ အမြဲတမ်းတွေ့နေမယ်၊ ဘာမှမလုပ်ဘဲ စကားတွေတချိန်လုံးပြောနေမယ်ဆိုရင်လည်း အလုပ်မဖြစ်ပြန်ဘူးလေ၊ တခြားသော လူမှုရေး၊ စီးပွါးရေးတွေကလည်း မပါမဖြစ် လုပ်နေရသေးတာကို...

ပြောရရင် သူနဲ့ ဆုံတွေ့တဲ့အချိန်က သိပ်အံ့ဩဖို့ကောင်းတယ်၊ လူသန်းပေါင်းများစွာရှိတဲ့အထဲ သူ့ကိုမှ စွဲစွဲလမ်းလမ်းချစ်မိသွားတာတော့ ကိုယ့်အတွက်အံဖွယ်ဖြစ်ရပ်ပဲကိုး၊ သူ့ကို စစတွေ့တုန်းကဆို ဘယ်လိုနေနေ သဘောကိုမကျဘူး၊ စကားပြောတာလည်းမကြိုက်ဘူး၊ အပြုအမူတွေလည်းမကြိုက်ဘူး၊ မျက်လုံးထဲသဘောမကျစရာတွေအများသားပဲရယ်၊ ဒါပေမယ့် သူကတော့ အဲ့လိုမဟုတ်ဘူး ကိုယ့်ကိုတွေ့ရင် အမြဲပြုံးနေတာ၊ တခါတလေ သူ့တွေ့လို့ မျက်စောင်းနဲ့ကြည့်လည်း ရယ်နေ ပြုံးနေမြဲပဲ၊ တခါတလေ ခနဲ့နေတာလို့တောင် တွေးမိသေးတာ၊ ဒါပေမယ့် တခုသတိထားမိတာက ကိုယ်သူ့ကိုဘယ်လိုပဲပြုမူဆက်ဆံနေပါစေ သူကတော့ သူ့လုပ်စရာရှိတာကိုပဲ အာရုံစိုက်လုပ်နေတာ၊ ဘယ်သွားသွား ဘာလုပ်လုပ် အမြဲတက်တက်ကြွကြွနဲ့၊ အဲ့လိုအချိန်တော့ သူ့ကို တိတ်တခိုးလေး အားကျမိသား၊ သူက အရမ်းလွတ်လွတ်လက်လပ်နေတတ်ပြီး၊ ဘယ်အချိန်မဆိုသူ့ကြည့်လိုက်တာနဲ့ လန်းဆန်းနေတာဆိုတော့ တခြားသူတွေလည်း သူ့အပျော်ပြန်ကူးကြသလိုပဲ ဘယ်နေရာသွားသွားထင်းနေတော့တာ၊ အဲ့ဒါကြောင့်လည်း သူ့ကိုဆို မသိတဲ့မရှိရယ်လေ၊ လူတိုင်းလည်း ချစ်ကြတယ်၊

🫶 I adore you 🫶Where stories live. Discover now