As the fangirl life meanwhile as the Army

5 1 0
                                    

ဘာရယ်မဟုတ်ဘဲ ကိုယ့် Bias ပျောက်တာကြာနေလို့ သူ့ကို သတိရရင်း fangirl life အကြောင်းစဉ်းစားမိသွားတဲ့အခါ ဘာမှအကျိုးအများကြီးမဖြစ်စေတဲ့ အကြောင်းအရာကို ကိုယ့် Wattpad မှာပဲ အမှတ်တရအနေနဲ့ထားပြီး တင်လိုက်တာပါ၊ ဒီနေရာကို ကျွန်တော့ရဲ့ နေ့စဉ်မှတ်တမ်းတခုလို အသုံးချတာဖြစ်တဲ့အတွက် ဘယ်သူမှမရှိလည်း ကိုယ်ရေးချင်တာရေးပြီး နေနေတာပါ၊
#OT7 မို့ Bias ပျောက်တဲ့အချိန်က ပိုများနေတတ်ပြီး၊ ပွဲတိုင်းလည်း မပါတတ်သလို ရှောင်နေတဲ့အချိန်က ပိုများပါတယ်၊ ကိုယ့်ဘက်ကကြည့်ရင် ကိုယ်မှန်တယ်ထင်ပြီး အပြိုင်ငြင်းဆို အားပြိုင်ကြတဲ့အခါ ဒီ ၇ ယောက်လုံး တခုခုကိုယ့်တည်းကြောင့် ထိခိုက်နစ်နာမှာစိုးတဲ့အတွက် ရှောင်ဖယ်တာက များပါတယ်၊ အဲ့ဒါက အချင်းချင်းဖြစ်နေရင် ပိုဆိုးပါတယ်၊ ဘယ်ဘက်မှာ မပါဝင်ပါဘူး၊ အမြတ်တနိုးတန်ဖိုးထားရတဲ့သူတွေမို့ ဘာအတွက်ကြောင့်နဲ့မှ မထိခိုက်မနစ်နာစေချင်ပါဘူး၊
#Fangirl ဆိုတာထက် Army ဖြစ်လာတဲ့အချိန်က ပိုတိုတောင်းပါတယ်၊ အခုမှ တခြားသူတွေနဲ့ယှဉ်ရင် Junior အဆင့်ပဲရှိနေဦးမှာပါ၊ ဒါပေမယ့် ချစ်မြတ်နိုးတာချင်းတော့ level တခုတည်းပဲ ထပ်တူဖြစ်နေမှာတော့ ကြိမ်းသေပြောရဲပါတယ်၊ Band စွဲစွဲမြဲမြဲကြိုက်ခဲ့တာရယ်လို့ မရှိဘဲ၊ band တိုင်းလိုလိုကို သဘောကျတတ်ပြီး အကုန်နားထောင်နေတတ်သူပါ၊ လွန်ခဲ့သော ၃ နှစ်လောက်ကမှ "Only focus on BTS" ဖြစ်သွားတာပါ၊

#BTS ကျွန်တော့်အတွက်ကတော့ ဒီအတိုင်း BTS ဆိုတာထက် အဓိပ္ပါယ်ဖွင့်ဖို့ နက်နဲလွန်းပါတယ်၊ စိတ်ဓာတ်ကျနေတဲ့အချိန် ဘာသီချင်းမှ နားထဲမရောက် ဘယ်လိုအားပေးမှုမျိုးမှ အရာမထင်တဲ့အခါ တယောက်တည်းသောအမက "Magic Shops" နဲ့လက်ဆင့်ကမ်းပြီး "Life goes on" နဲ့ ပြန်ပြီး move on လုပ်နိုင်ခဲ့တာမို့ ကျေးဇူးတင်ရသောလေးတွေပါ၊ ချစ်တာထက်ပိုသော၊ မြတ်နိုးတာထက် သာလွန်သော၊ တခြားသောစကားလုံးရှိရင်တောင် ညွှန်းပြချင်ပါသေးတယ်၊

#Army လို့ကိုယ့်ကိုကိုယ် သတ်မှတ်ရမလား ဒီအတိုင်း အရင်လိုပဲ သဘောကျတဲ့အဖွဲ့အနေနဲ့ပဲ စိတ်ထဲထားရမလားဆ်ိုတာ တော်တော်ဝေခွဲမရဖြစ်ခဲ့တာပါ၊ toxic fan လို့အပြောခံရမှာ ရှက်မှာဆိုးတာလား၊ ကိုယ်က Army ဆိုရင် အနှိမ်ခံရမှာလားဆိုပြီး မဟုတ်တရုတ်တွေတွေးနေမိလို့ ပြန်စဉ်းစားလေ ကိုယ့်ကိုကိုယ် ဒေါသထွက်လေပါ၊ ဒါပေမယ့် Joonie ရဲ့ Stage speech မှာ Love yourself လို့ ပြောတာ ကြားလိုက်ရတဲ့အခါ ဘာမှကိုတွေဝေမနေတော့ "I should be proud of myself for being Army" လို့တွေးပြီး၊ အခုဆိုရဲရဲဝံ့ဝံ့ပဲ "I'm ARMY" လို့ come out လုပ်ထားလိုက်တော့တာပါ၊ တဦးတယောက်ချင်းဆီရဲ့ ကိုယ်တွေကို ချစ်တတ်ပေးမှုတွေ၊ သူတို့အချင်းချင်း လေးစားမြတ်နိုးမှုတွေက ကိုယ်ရဲ့ တခါတလေက အချိုးမပြေမှုတွေကို တထောင့်တနေရာကနေ ကူညီပြီးလမ်းညွှန်ပြနေသလိုမျိုးပါ၊ ရန်သူဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် နားလည်ခွင့်လွှတ်ပေးတတ်မယ်ဆို ကိုယ်ဟာ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် အမြဲခေါင်းမော့ဦးမော့နေနိုင်မှာ၊ ဘယ်သူဘာပြောပြော ကိုယ့်အလုပ်ကို ဆက်လုပ်ရင်း အလုပ်တွေနဲ့တကွ သက်သေပြနိုင်ဖို့ပဲ လိုအပ်တာဆိုပြီး လမ်းညွှန်ပေးနေသလိုပါပဲ၊ ဒါကြောင့် အခုတော့ Army ဖြစ်နေလို့ မသိမ်ငယ်တော့သလို၊ Bangtannie တွေကို ချစ်မြတ်နိုးရလို့လည်း လုံးဝနောင်တမရပါဘူး ~

သေချာပေါက် အမြဲချစ်မြတ်နိုးသွားမှာပါ ~
like Tae Tae said "Borahae, means I purple you"

#Bangtan
#BTS
#Army
#Fangirl
#beingproudofmyself

Jasmine
6:55 a.m
26-Jan-23

🫶 I adore you 🫶Unde poveștirile trăiesc. Descoperă acum